Pages

Tuesday, August 28, 2012

I Phone သုံးတဲ့သူတွေပြောတဲ့ Android Phone ပရိသတ်တွေရဲ့အကြောင်း

ဓာတ်ပုံ - အေအက်ဖ်ပီ
   
  


Android Phone သုံးစွဲသူအချို့က I Phone ကို ရွေးချယ်အသုံးပြုကြသူတွေ အပေါ် ပြင်းထန်ပြီး အံ့ဩစရာ
ကောင်းတဲ့ အမြင်တွေ ထားရှိနေတာကို ကျွန်တော် သတိထားမိခဲ့ပါတယ်။ဖုန်းနဲ့ပတ်သက်လို့ တစ်ခုခုအသိ
ပေးထားတဲ့အခါမှာပဲဖြစ်ဖြစ်၊ I Phone နဲ့ပတ်သက်လို့ ဆွေးနွေးကြတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ဒီလိုပြင်းထန်ပြီး အံ့ဩဖို့ကောင်းတဲ့ သဘောထားတွေ ထားကြတာကို ကျွန်တော် အမြဲလိုလို တွေ့ မိပါတယ်။

Android Phone သုံးစွဲသူနဲ့ I Phone  သုံးစွဲသူတွေမှာ သူတို့အကြိုက်ဖုန်းတွေပဲ ပိုင်ဆိုင်ကြတာ မဟုတ်ပါဘူး။
I Phone  ၀ယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာဟာ အမှားတစ်ခုပဲလို့ Android Phone သုံးစွဲသူတော်တော်များများ
က တွေးကြပါတယ်။

ပြီးတော့ လူတိုင်းဟာ မှန်ကန်စွာ တွေးခေါ်နိုင်မယ်၊ စိတ်အလိုမလိုက်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျတွေးနိုင်ပြီး ဗဟုသု
တကြွယ်ဝမယ်ဆိုရင် သူတို့ဟာ Android Phone ကိုပဲ ရွေးကြမှာလို့လည်း တွေးကြပါသေးတယ်။ဒါဟာထူး
ခြားတဲ့ အဖြစ်အပျက်တစ်ရပ်ပါ။ ဒီအဖြစ်ကို ပိုသေချာသွားအောင် "I Phone ကို လူတွေ ဘာကြောင့်ဝယ်တာ
လဲ" ဆိုတဲ့ မေးခွန်းရိုးရိုးလေးကို ကျွန်တော့ရဲ့ Android Phone သုံး မိတ်ဆွေတွေကို ဂူးဂဲလ်+ ကနေ မေး
ကြည့်လိုက်ပါတယ်။

ကျွန်တော်မေးလိုက်ပြီး ရှစ်နာရီတောင် မကြာပါဘူး။ ဂူးဂဲလ်+က အများဆုံး သတ်မှတ်ပေးထားတဲ့ ကော့မန့်
 ပေးလို့ရတဲ့ နှုန်းထား ၅၀၀ ချက်ချင်း ပြည့်သွား ပါတယ်။ လူတွေ ဘာကြောင့် I Phone ကို ၀ယ်တာလဲဆို
တာကို အန်းဒရွိုက်ပရိသတ်တွေ ပေးလာတဲ့ အဖြေတွေကတော့ အောက်ပါ အတိုင်း အမျိုးမျိုးပါပဲခင်ဗျ။

I Phone ဟာ လူ့အဆင့်အတန်း ပြယုဂ် တစ်ခုပါ။ လူတွေက ရိုးလက်စ်နာရီ၊ ဂူစီအိတ် စတာတွေကို ကြိုက်ကြ
သလိုမျိုး အိုင်ဖုန်း သုံးစွဲသူတွေဟာ ဂုဏ်ဒြပ်တစ်ခုအဖြစ် ဒါမှမဟုတ် ဖက်ရှင်ပစ္စည်းအဖြစ် အက်ပဲလ်ထုတ်
ပစ္စည်းတွေကို သုံးစွဲကြတာပါလို့ တစ်ဦးက ဖြေထားပါတယ်။

အိုင်ဖုန်းဟာ ထုံထိုင်းတဲ့ လူတွေ အတွက်တော့ စမတ်ဖုန်းတစ်မျိုးပါ။ အိုင် ဖုန်းက သုံးရတာ လွယ်တယ်လို့ ယူ
ဆပြီး ဖုန်းစတင် ကိုင်တဲ့သူတွေ ကြိုက်ကြတာလို့ ဖြေသူကဖြေထားပါတယ်။အိုင်ဖုန်းသုံးတဲ့သူတွေဟာ ဗဟု
သုတ နည်းသူတွေပါ။ အန်းဒရွိုက်ဖုန်းက စွမ်းဆောင်ပေးနိုင်တာက ဘာတွေလဲ၊ I Phone ရဲ့ မလိုလားအပ်
တဲ့ အားနည်း ချက်တွေက ဘာတွေလဲဆိုတာကို သူတို့ မသိကြပါဘူးလို့လည်း တစ်ဦးက ဖြေထားပါတယ်။

I Phone သုံးစွဲသူတွေဟာ ဈေးကွက် ကျွမ်းကျင်သူရဲ့ ကျုံးသွင်းတာကို ခံရသူ တွေပါ။ ခေါင်းထဲကို အယူအဆ
သစ်တွေ ရိုက်သွင်းခံ လိုက်ရသူတွေ ဖြစ်သလို စတိဗ်ဂျော့ရဲ့ လက်တွေ့ဘ၀ မဟုတ် တဲ့ နယ်မြေက သား
ကောင်တွေပဲ ဖြစ်ပါတယ်။

I Phone က ပိုကောင်းတယ် လို့ သုံးစွဲသူတွေထင်အောင် ထုတ်ကုန် ပစ္စည်းဆိုင်ရာ သတင်းထုတ်ပြန်ချက်
တွေ၊ ကြော်ငြာတွေ၊ ကုန်ထုပ်ပိုးမှု အပြင်အဆင်တွေ၊ ရုပ်မြင်သံကြား၊ ရုပ်ရှင်နဲ့ တခြားဈေးကွက်တွေကနေ လှုံ့ဆော်တဲ့ အက်ပဲလ်ရဲ့ စည်းရုံးသိမ်း သွင်းမှုကို ခံရသူတွေပါ။I Phone က ပိုကောင်းတယ်လို့ ထင်ရတာက
လည်း ဈေးကွက်ကြော်ငြာက လှုံ့ဆော်ပေးနေတဲ့ အသိအမြင်တွေကြောင့်ပဲလို့ ဖြေ ထားပါတယ်။I Phone ဟာ လူကြိုက်အများဆုံးဖုန်း ဖြစ်ပြီး အသိအမှတ်ပြုအခံရဆုံးတံဆိပ်လည်း ဖြစ်ပါတယ်။

အနီးအနားက ကော်ဖီဆိုင်အစား စတားဘာ့ခ်ကိုမှ သွားတာ၊ တစ်ခါမှ မကြားဖူးတဲ့ တံဆိပ် အစား နိုက်ကီတံ
ဆိပ် ရှူးဖိနပ်ကိုမှ ၀ယ်စီး သလိုမျိုး I Phone ၀ယ်လက် တချို့ဟာ ရောင်းအကောင်းဆုံးဖုန်းကိုမှ ၀ယ်ချင်ကြ
တဲ့ သူမျိုးတွေပါ။နာမည်ကြီး တံဆိပ်တွေနဲ့ လူကြိုက်များပစ္စည်း အဖြစ် သက်သက်သာ လူတချို့ကိုဆွဲဆောင်
 နိုင်ပါတယ်။ နောက်တစ်ဦးကတော့ I Phone ဆို တာ နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့လည်း ဆက်စပ်တယ်လို့
 ပြောပါတယ်။ စတိဗ် ဂျော့ကို လူတိုင်းက သိပါတယ်။ ဂူးဂဲလ် တည်ထောင်သူကိုတော့ လူသိပ် မသိပါဘူး။

တချို့လူတွေဟာ နာမည်ကျော် တွေကို လေးစားတဲ့အလေ့အထကြောင့် လူသိများတဲ့ ပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကိုပဲ နှစ်သက်ကြပါတယ်။ ဒီလို သက်ရောက်မှုမျိုးဟာ စတိဗ်ဂျော့ ကွယ်လွန်မှုကြောင့် ပိုအကျိုး
များသွား စေပြီး မီဒီယာရဲ့ ဖော်ပြမှု တွေကလည်း အလားတူအကျိုးသက်ရောက်ပါတယ်။

 နောက်တစ်ဦးကတော့ ခုလိုဖြေထားပါတယ်။I Phone ၀ယ်တဲ့သူတွေဟာ အက်ပဲလ်က ထုတ်သမျှ ၀ယ်ယူ
အား ပေးမှာပါ။ အိုင်ပေါ့အပါအ၀င် အက်ပဲလ် ရဲ့ တခြားထုတ်ကုန် တွေရဲ့အောင်မြင်မှု ကြောင့် ဆက်ပြီး
ပေါ်ပေါက်လာတဲ့ 'ဟေလိုအကျိုးဆက်'ကြောင့် I Phone သုံးစွဲသူတွေရဲ့ စိတ်ကို အိုင်ဖုန်းက လွှမ်းမိုးသွားတာ
ပါတဲ့။အိုင်အိုအက်စ် ကြားခံစနစ်ကလည်း အသုံးပြုနေကျမို့ ရင်းနှီးပြီးသားဖြစ်နေ တာကြောင့်လည်း အိုင်ဖုန်း
ကို သုံးကြတာ လို့ တစ်ဦးက ဖြေထားပါတယ်။

လူ တော်တော်များများဟာ အက်ပဲလ်ရဲ့ ကြားခံစနစ်ကို သူတို့အိမ်က ကွန်ပျူတာတွေ၊ အိုင်ပေါ့တပ်ခ်ျတွေ၊ အက်ပဲလ် ရဲ့ ရုပ်မြင် သံကြားစနစ်၊ ဒါမှမဟုတ် အိုင်ပက်တွေမှာ သုံးနေကျပါ။ဒါကြောင့် သူတို့အတွက်
I Phoneသုံးရ တာ အဆင်ပြေပါတယ်။ I Phone သုံးတဲ့သူတွေဟာ သူတို့ရဲ့ ဖုန်းကို မွမ်းမံပြင်ဆင်ရတာ မျိုး
တွေ မလုပ်ချင်ကြပါဘူး။အန်းဒရွိုက်သုံးစွဲ သူတွေဟာ သူတို့အကြိုက် ပြင်ရတာ နှစ်သက်ကြပါတယ်။ဒါ
ကြောင့် I Phone  ကို သုံးကြတာဟာ ဂူးဂဲလ်ရဲ့ လုပ်ငန်း စဉ်စနစ်က အဓိက ဆွဲဆောင်ထားတာ ကြောင့်ပါ။ I Phone သုံးတဲ့သူတွေဟာ သူတို့ရဲ့ဖုန်းကို ကလိဖို့ စိတ်မ၀င်စား တဲ့အတွက် ပြုပြင်မွမ်းမံစရာမလိုတဲ့ ဖုန်းမျိုး
ကိုပဲ ရွေးကြတာလို့ ထင်ပါ တယ်။

ဒါ့ပြင် ပြုပြင်မွမ်းမံတဲ့အခါ ဖြစ်လာမယ့် အကျိုးဆက်ကိုလည်း စိုးရိမ်ပူပန်မှု ရှိချင်ရှိနေမှာပါလို့ အဖြေ ပေး
ထားတာလည်း တွေ့ရပါတယ်။အက်ပဲလ်ရဲ့ ပစ္စည်းက ဈေးကွက်ထဲကို အရင်ရောက်လာတာကလည်း I Phone ကို လူကြိုက်များသွားစေတယ်လို့ ဖြေထားသူလည်း ရှိပါတယ်။အိုင်အိုအက်စ် ဒါမှမဟုတ် Android Phone မပေါ်ခင်မှာ ရင်းနှီးပြီးသား ပရိုဂရမ်ဆော့ဖ်ဝဲ အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်မျိုးကို လူတွေကတောင့်
တနေကြပါတယ်။

ဒါပေမယ့် အက်ပဲလ်က အရင်ထုတ် ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် လူတွေက I Phone ကို အပြေးအလွှား ၀ယ်
ကြတာ ပါ။ ပြီးတော့ အသုံးချ ပရိုဂရမ်မှာ ရင်းထားခဲ့တဲ့အတွက် I Phone ကိုပဲ သုံးဖြစ်ကြတာပါတဲ့။ နောက်
တစ်ဦးကတော့ I Phone သုံး တဲ့သူတွေဟာ နည်းပညာကို မနှစ်သက် ကြပါဘူး။အန်းဒရွိုက်ဖုန်းသုံးတဲ့သူတွေ
က နည်းပညာကို စွဲလမ်းစွာ နှစ်ခြိုက်နေစဉ်မှာ I Phone သုံးသူတွေ ကတော့ အသင့်သုံးဖုန်းတွေကို နှစ်
သက်ကြပါတယ်။ နည်းပညာကို ရှောင် ချင်သူတချို့ကတော့ I Phone ကို ရွေးကြပါတယ်လို့ ဖြေထားပါ
တယ်။

I Phone သုံးတဲ့သူတွေဟာ သူတို့ရဲ့ ရွေးချယ်မှုအရ ရှေ့ဆက် တိုးတက်မှုမရှိဘဲ ရပ်တန့်သွားနိုင်ပါတယ်။
Android Phone လောကမှာတော့ မျက်ခြည်မပြတ် လိုက်နိုင်ဖို့ မလွယ်လောက်အောင် ဟန်းဆက်အမျိုးအ
စားတွေနဲ့ တံဆိပ် တွေက အများကြီးရှိပြီး ရွေးစရာတွေကလည်း ခေါင်းနောက်သွားလောက်အောင်ကို များ
ပြားလှပါတယ်။ဒီလို ရွေးစရာ များပြားလှတဲ့ဆွဲဆောင်မှုကို ဂရုမစိုက်ဘဲ I Phone ဘက်ကိုပဲ လှည့် သွားသူ
တွေအတွက်ကတော့ ရွေးစရာ နည်းပါးပြီး ပစ္စည်းတွေက ရိုးရှင်းတယ်လို့ တစ်ယောက်ကဖြေထားပါတယ်။

I Phone သုံးစွဲသူတွေအပေါ်မြင်တဲ့ အန်းဒရွိုက် သုံးစွဲသူတွေရဲ့ သဘော ထားက မှန်ရဲ့လားလို့ ကျွန်တော်
တွေး ကြည့်မိပါတယ်။ ကျွန်တော့ သဘောအရ ဆိုရင်တော့ ဒီလို ထင်မြင်ချက်တွေ ထဲမှာ တချို့က မှန်တယ်
လို့ ထင်ပါတယ်။ အနည်းဆုံးတော့ I Phone  သုံးစွဲသူ အများစုဟာ သူတို့ပြောခဲ့သလို လှုံ့ ဆော်မှုမျိုးတွေတစ်
ခု ဒါမှမဟုတ် တစ်ခု ထက်ပိုပြီး လွှမ်းမိုးခံထားရပါတယ်။ ဒါပေမယ့် အန်းဒရွိုက်သုံးတဲ့သူတွေက လည်းအိုင်
ဖုန်းသုံးစွဲသူတွေ ကိုယ်တိုင် မမြင်ရတဲ့ လှုံ့ဆော်မှုနဲ့ ယုံကြည်မှုတွေ ကို သတိပြုမိသလို I Phone သုံးစွဲသူတွေ
မြင်တဲ့၊ ယုံကြည်တဲ့ အရာတွေကို အန်းဒရွိုက်သုံးစွဲသူတွေက မမြင်ကြ၊ မယုံကြည်ကြပါဘူး။

ဖုန်းစတင်သုံးစွဲသူတွေအတွက်က တော့ I Phone ဟာ လှပစွာ ပုံစံထုတ် တည်ဆောက်ထားတဲ့ အရာပါ။သူ့
မှာ အပြစ်အနာအဆာ မရှိပါဘူး။ လုံးဝကို အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေကို သုံးထားပါတယ်။ဟာ့ဒ်ဝဲရှု
ထောင့်အရ ကြည့်မယ်ဆိုရင်လည်း အရည်အသွေး မြင့်တာကိုက I Phone ကို ရွေးသင့်တဲ့ အကြောင်းပြချက်
ကောင်း တစ်ချက်ပါ။ ကိုယ်ပိုင်အရည်အချင်းတွေ ကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့အတွက် I Phone လို 'ဘက်စုံ
ပေါင်းစည်းထားတဲ့ဖုန်း'နဲ့ အန်းဒရွိုက်လို 'အကန့်အသတ်မရှိတဲ့' ပလက်ဖောင်းနဲ့ ပတ်သက်ပြီး အငြင်း ပွား
ဖွယ်ရာမရှိပါဘူး။

ဘက်စုံပေါင်းစည်း တဲ့ ဖုန်းရဲ့ကောင်းကျိုးကတော့ သုံးစွဲ သူအားလုံးအတွက် အရေးပါတဲ့အလိုက် သင့်သုံးနိုင်
ခြင်းပါ။ ဒါပေမယ့် I Phone နဲ့ အန်းဒရွိုက်ကို သုံးစွဲသူတချို့ ရွေးချယ်ဖြစ်တဲ့ အကြောင်းရင်းက ပင်ကိုစရိုက်နဲ့
လည်း ဆိုင်ပါတယ်။

လူတွေဟာတစ်ယောက် နဲ့တစ်ယောက်မတူပါဘူး။ တချို့က အံဝင်ခွင်ကျဖြစ်တာ၊ သုံးရလွယ်တာ၊ စိတ်ထဲ
မှာ နားလည်လွယ်တာ၊ ပြင်ဆင် မွမ်းမံစရာမလိုတာနဲ့ ရွေးချယ်စရာ အခွင့်အလမ်းရှိတာကို အလေးထားကြ ပါတယ်။ဒီလို လူမျိုးတွေကတော့ I Phone  ကိုပဲ ရွေးဖွယ်ရာရှိပါတယ်။ I Phone သုံးတဲ့သူတွေဟာ ဖုန်းကို ဖုန်းတစ်လုံးအဖြစ်ထက် ပြည့်စုံတဲ့၊ ပြုပြင်မွမ်းမံထားတဲ့၊ စင်းလုံးချောဖြစ်တဲ့ တစ်ခုတည်းသောအရာကိုလိုချင်
ကြ ဖွယ်ရာရှိတယ်လို့ ကျွန်တော်ထင် ပါတယ်။

အန်းဒရွိုက်သုံးစွဲသူတွေကတော့ တိုးတက်ဖြစ်ပေါ်လာမယ့် အလားအလာတွေနဲ့ ပြည့်နှက်နေတဲ့ အရာမျိုးကို လိုချင်ကြတာပါ။

I Phone က ချစ်စရာ ရွက်လှေ ကလေးဆိုရင် အန်းဒရွိုက်ဖုန်းက အိမ် ဆောက်တဲ့ အတုံးလေးတွေမျိုးပါ။တ
ချို့က ကစားစရာ တစ်မျိုးကို နှစ်သက်ပေမယ့် တချို့ကတော့ တခြား ကစားစရာတစ်မျိုးကို နှစ်သက်ကြပါ တယ်။ ဒါကတော့ သူတို့ရဲ့ ကိုယ်ပိုင် ပင်ကိုစရိုက်မျှသာပဲ ဖြစ်ပါတယ်။

ဒါကြောင့် Android Phone သုံးသူတွေကို ကျွန်တော်ပြောချင်တာကတော့ I Phone သုံးတဲ့သူတွေကိုအပြစ်မ
မြင်ပါနဲ့။ I Phone သုံးတဲ့သူ အများစုဟာ ကြော်ငြာ၊ တံဆိပ်၊ အဆောင်အယောင် အဆင့်အတန်းနဲ့ တခြားအ
ကြောင်းတွေကြောင့် I Phone ကို ရွေးခဲ့ကြတာပါ။

ဒါပေမယ့် I Phone ဟာလည်း သိပ်ကောင်းတဲ့ ဖုန်းပဲဆိုတာကိုလည်း လက်ခံပေးပါ။ပြီးတော့ ပိုအရေးကြီး
တာက I Phone သုံးစွဲသူတွေရဲ့ ရွေးချယ်မှုဟာ Android Phone သုံးသူတွေလိုပဲ ကိုယ်ပိုင်ပင်ကိုစရိုက်အရ ဆုံးဖြတ်ထားတာပဲ ဆိုတာပါပဲခင်ဗျ။

MM Times:

0 comments:

Post a Comment