Pages

Tuesday, August 28, 2012

ယမန်နေ့ည ၁၀ နာရီခန့်အချိန်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က လူ(၇)ဦးပါဝင်သော စက်လှေနှင့် ဒေသခံကင်းသမားများ ပစ်ခတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင် လောက်အကွာမှာရှိတဲ့ ဆင်ပိုက်ရွာ
အောက်ဘက် ဆင်ပိုက်ကုန်းအနီးမှာ မနေ့ည ၁၀ နာရီလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က လူ(၇)ဦး
လောက် ပါတဲ့ စက်လှေတစ်စီးဝင်ရောက်လာခဲ့ပြီး ဒေသခံကင်းသမားတွေ ကို သေနတ်တွေနဲ့ပစ်ခတ်ခဲ့
တယ်လို့ ပေါက်တောပြင်ကျေးရွာကဒေသခံကင်းသမားတစ်ယောက်က RFA ကို ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ပင်လယ်ပြင်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ အဲဒီဘင်္ဂလားဒေ့ရှ် စက်လှေပေါ်က လူ ၃ ဦးကို ဒီကနေ့ 
မနက်ပိုင်းက စစ်တပ်နဲ့ ဒေသ အာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့ပြီး ကျန်တဲ့လူတွေကတော့ ထွက်ပြေးတိမ်း
ရှောင်နေဆဲလို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ဆင်ပိုက်ရွာမှာ မနေ့က အခင်းမဖြစ်ပွားမီ ပင်လယ်ပြင်ထဲမှာ မသင်္ကာတဲ့ စက်လှေ
တစ်စီး တွေ့ကြောင်း ဒေသခံတွေက သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ပေမယ့် အခင်းဖြစ်
ပွား ခဲ့တဲ့ အချိန်အထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ အလေးထား ဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း
ဒေသခံ တွေက ပြောပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment