Pages

Tuesday, August 28, 2012

အခြေခံလူတန်းစားများ တရားရင်ဆိုင်နိုင်ရန် ရုံးအခွန် က အတားအဆီးဖြစ်နေ


အခြေခံလူတန်းစားများအနေဖြင့် မတရားမူများအား တရားစွဲဆိုရာတွင်  ခုံရုံးအခွန်အခက်အခဲများကြောင့် တရားစွဲဆိုရနအခက်အခဲများ  ဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

''လယ်သမားတွေမှာက  စားဖို့တောင်အနိုင်နိုင်လုပ်နေရတာ ကျွန်တော်တို့မတရားခံရတာကို တရားစွဲဖို့
ဆိုရင် ကုန်ပေါက် ချည်းပဲ  ရှေ့နေငှားခလပေးရမယ် ပြီးရင်ဘာကြေးညာကြေးတောင်းအုံးမယ် အဲ့ဒါကြောင့် တရားစွဲဖို့ မဖြစ်နိုင်ပါဘူး '' ဟု ဒဂုံမြို့သစ်ဆိပ်ကမ်းမှ လယ်မြေများအသိမ်းခံသော လယ်လုပ်ကိုင်သူတစ်ဦး
ကပြောသည်။
 
လူတန်းစားအလွှာအသီးသီးမှ  မတရားမှုများအား  အလွယ်တကူတရားစွဲဆိုနိုင်ရန် ခုံရုံးအခွန်လျော့ချပေး
သင့်ကြောင်း   မြန်မာနိုင်ငံရှေ့နေ များကွန်ယက်မှ  ရှေ့နေများကသုံးသပ်ပြောဆိုသည်။
 
''ရုံးခွန်တော်ဥပဒေက  တရားမျှတတဲ့ ဥပဒေမဟုတ်ဘူးလို့မြင်ပါတယ်။ ဒီလိုအခွန်တွေတိုးမြင့်ထားရင်  ဆင်း
ရဲသားလူတန်းစားတွေက  ဘယ်လိုမတရားရုံးကိုတက်ပြီးတော့ တရားစွဲနိုင်ဖို့အခွင့်အလမ်းမရှိဘူး။ ဒီရုံးခွန်
တော်ဥပဒေကိုပြင်ပေးပါ။  ''ဟု မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်မှ  ဥပဒေအတိုင်ပင်ခံဦးအောင်သိန်းက
ပြောသည်။
 
လယ်မြေသိမ်းယူခံရခြင်းနှင့်  ဆင်းရဲသားလူတန်းစားများ  ကြုံတွေ့နေရသောနစ်နာခြင်းများကို တရားစွဲဆို
ရာတွင် ခုံရုံးအခွန်ပေးဆောင် ရသည့်  အခကြေးငွေမှာ  များပြားခြင်းကြောင့် အဆိုပါခုံရုံးခွန်အခွန်ဥပဒေကို  ပြန်လညပြင်ဆင်ကာပြဌာန်းသင့်ကြောင်း၊  တောင်သူများ အနေဖြင့်လည်း လယ်ယာများသိမ်းယူခံရခြင်း
နှင့်ပတ်သက်ပြီး  ရှေ့နေငှားခမတတ်နိုင်ခြင်းကြောင့်  တရားစွဲဆိုခြင်းကို   တော်ရုံဖြင့်မလုပ်ဆောင်နိုင်
ကြောင်း  ရှေ့နေများကဆိုသည်။
 
'' ဟိုတုန်းကဘယ်လောက်ပဲတန်ဖိုးကြီးကြီး  တံဆိပ်ခေါင်းတန်ဖိုးက  တစ်သောင်းငါးထောင်ထကမပိုပါဘူး။ သိန်းတစ်ထောင်ပဲစွဲစွဲ  သိန်းငါးထောင်ပဲစွဲစွဲ  အခုဟာကသိန်းငါးရာလောက်စွဲလို့ရှိရင် တံဆိပ်ခေါင်းတန်ဖိုး
က လေးသိန်းခွဲလောက်ပေးရပါတယ်။ အဲ့တောဘယ်တောင်သူလယ်သမားဟာ  တံဆိပ်ခေါင်းခွံလေးသိန်းခွဲ
 လောက်စိုက်ပြီး သိန်းငါးရာရဖို့ ဖန်တီးနိုင်မလဲ '' ဟု ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်းက ပြောသည်။
 
လယ်ယာမြေသိမ်းဆည်းခံရသော တောင်သူလယ်သမားများမှာ အခွန်အခများ မတက်နိုင်ခြင်းကြောင့် အ
ခက်အခဲ များဖြစ်ပေါ်လျက်ရှိပြီး မှန်ကန်မှုရှိသော်လည်း ငွေကြေးတတ်နိုင်သူများသာ တရားနိုင်သဖြင့် ရုံး
ခွန်လျော့ချပေးရန် လိုအပ်ခြင်းဖြစ်ကြောင်း ၄င်းအမြင်ကို ပြောဆိုသည်။
 
'' ကျွန်တော်တို့ကို တရားစွဲဆိုထားတာ ရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟိုးအရင်ကတည်း လုပ်
ကိုင်စားသောက်လာတဲ့   နေရာကို အခုကျမှ နိုင်ငံတော်စီမံကိန်းအရသိမ်းပြီး တခြားဟာစိုက်မယ်ဆိုပြီး ဝယ်
ထားပြီးပြီတဲ့ ကျွန်တော်တို့ကြံစိုက် တယ် ဆိုတာလဲ နိုင်ငံတော်အတွက်ပါပဲ။ အဲ့ဒါနဲ့ ကျွန်တော်တို့ကြံစိုက်
ခင်းကိုသိမ်းပြီး ဝါးလုံးတွေကာထားတယ် ကာထားတဲ့အတွင်းမှာ အိမ်ဆောက်နေတော့ သူတို့ကို နှောက်
ယှက်လို့ဆိုပြီး တရားစွဲထားတယ်။ ကျွန်တော်တို့ဘက်ကတော့ ဟိုးအရင်ကတည်းက မြေစားရင်းဌာနကို အခွန်ဆောင်ပြီး နေလာတယ်ဆိုတဲ့ သက်သေခံစာရွက်နဲ့ပဲ အမှုရင်ဆိုင်ရမှာပေါ့ တခြားရှေ့နေငှားစရိတ်
တော့ မတတ်နိုင်ဘူးပေါ့'' ဟုပဲခူးတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူတစ်ဦးဖြစ်သူက ပြောသည်။
 
လွှတ်တော်အတွင်းတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်သူ့အရေးအတွက် လုပ်ဆောင်နေသော်
လည်း ဆင်းရဲသားပြည်သူများအတွက် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် နှင့် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်များ
ကို ဥပဒေတွင် ပြဌာန်းပေးရန်လိုအပ်ကြောင်း ရှေ့နေများက သုံးသပ်ပြောကြားသည်။


မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment