စပိန်
ထိပ်တန်း ဘောလုံးကလပ် အသင်းကြီး ဘာစီလိုနာသည် ခြေထောက် နှစ်ဖက်လုံး
အောက်ပိုင်း မရှိ
သည့် မသန်စွမ်း လူငယ်လေး တစ်ဦးကို ဘောလုံးပညာ
လေ့ကျင့်သင်ယူရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရ
သည်။အသက်(၁၁)နှစ်သာ ရှိသေးသော ကျောင်းသားလေး ဂါဘရီရယ်လ် မြူနစ်ဇ်အတွက်မူ
၎င်း၏ ထာဝရ သူရဲ
ကောင်း လီယွန်နယ်လ် မက်ဆီနှင့် တွေ့ဆုံခွင့် ရလာခြင်းသည်
အိပ်မက်ဆန်လွန်းသော အခွင့်အရေး ဖြစ်
လာသည်။ ဘရာဇီးလ်တွင် နေထိုင်သော
မြူနစ်ဇ်သည် မွေးရာပါ အင်္ဂါမစုံရှာသူ လူငယ်လေးဖြစ်ပြီး ၎င်း၏
ခြေကျင်းဝတ်ထိသာ
ပါရှိခဲ့သည်။
သို့သော်လည်း မြူနက်ဇ်သည် ကျောင်းအသင်း၏ အထူးချွန်ဆုံး
ဘောလုံးသမား တစ်ဦးဖြစ်ပြီး ကျောင်း၏ ကာယအသင်းတွင် အသင်းခေါင်းဆောင်လည်း
ဖြစ်လာသည်။ ဂါဘရီရယ်လ်၏ ဘောလုံးစွမ်းရည် မှတ်တမ်း ဗီဒီယိုကို
တွေ့ရှိပြီးနောက် စပိန်ကလပ် အသင်းကြီးက ၎င်းကို လာမာဆီယာ လေ့ကျင့်ရေးကွင်းတွင်
လာ
ရောက် ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ချာတိတ်လေး၏ မိခင်ဖြစ်သူက ထိုသတင်းကို ကြားမိချိန်တွင် မယုံနိုင်လောက်အောင် အံ့ဩဝမ်းသာမိ
ချာတိတ်လေး၏ မိခင်ဖြစ်သူက ထိုသတင်းကို ကြားမိချိန်တွင် မယုံနိုင်လောက်အောင် အံ့ဩဝမ်းသာမိ
ကြောင်း ဖွင့်ဟခဲ့သည်။ ကလေး၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက်
မိမိတို့ မိသားစုက ငွေကြေး မပေး
ချေနိုင်သော်လည်း ဘာစီလိုနာ၏ ကမ်းလှမ်းမှုက
ထွက်ပေါက်တစ်ခု ဖြစ်လာကြောင်း သူမက ပြောကြား
သွားသည်။ မြူနစ်ဇ်သည်
ဘာစီလိုနာ၏ ဘရာဇီးလ် အခြေစိုက် လူငယ်အကယ်ဒမီသို့ ဦးစွာ ရောက်ရှိလာခဲ့
ခြင်း
ဖြစ်ပြီး စက်တင်ဘာလတွင် စပိန်သို့ သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။
Planet Myanmar Media:
0 comments:
Post a Comment