Pages

Wednesday, November 19, 2014

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကို စစ်တွေလူထု ဆန္ဒပြမည်

RangonNewsDaily:: November . 19 .2014
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲခဲ့တဲ့အပေါ် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းများက ဦးဆောင်ပြီး လာမယ့် နိုဝင်ဘာ ၂၃ရက်မှာ ကန့်ကွက် ဆန္ဒပြကြမယ်လို့ မြို့မိမြို့ဖတယောက်ဖြစ်တဲ့ ဦးဦးသာပွင့်က ပြောပါတယ်။
တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒပြကြမှာဖြစ်ပြီး လူ ၂၀၀ ဆန္ဒပြခွင့်တင်ထားပေမယ့် ဒီ့ထက်ပိုများဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ နေပြည်တော်မှာ အာဆီယံ-ကုလသမဂ္ဂ ထိပ်သီး အစည်းအဝေးပွဲ တက်ရောက်ဖို့လာရောက်ခဲ့တဲ့ ကုလအတွင်းရေးမှူးချုပ်က ရိုဟင်ဂျာလို့ သုံးနှုန်းပြောဆိုခဲ့တဲ့ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဘန်ကီမွန်းထံ ကန့်ကွက်စာပေးပို့ခဲ့သလို လွှတ်တော်ကလည်း ကန့်ကွက်ရှုတ်ချခဲ့ပြီး အခုတခါ စစ်တွေလူထုက ကန့်ကွက်ဆန္ဒပြဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

DVB , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment