Pages

Wednesday, November 19, 2014

မြေလတ်ဒေသတွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၄အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ရှားမှုကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်ပေါ်ခဲ့

RangonNewsDaily:: November . 19 .2014
မကွေးတိုင်း ဒေသကြီး၏ မြေလတ်ဒေသတစ်ခု ဖြစ်သော ချောက်မြို့၏အနောက် တောင်ဘက်မိုင် ၃ဝအကွာနှင့်မန္တလေး မြေငလျင်စခန်း၏အနောက်တောင် ဘက်မိုင် ၁၄ဝကိုဗဟိုပြုပြီး နိုဝင်ဘာ ၁၇ရက်နံနက် ၁၁နာရီတွင် ရစ်ခ်ျတာ စကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင် တစ်ခုလှုပ် ခတ်သွားကြောင်း နေပြည် တော်မြေ ငလျင်တိုင်းတာရေးဌာနမှ သိရသည်။
မြေငလျင်လှုပ်ခတ်သွားမှုကို တိုင်းတာရာတွင် အနီးဆုံးချောက်မြို့ ကိုယူထားပြီး ယင်းလှုပ်ခတ်မှုကြောင့် ချောက်မြို့နှင့်နီးစပ်သော စလင်းမြို့ နယ်ရှိ မြေစိုက်အိမ်များလှုပ်ယမ်းခဲ့ သည်။ ထို့ပြင်ဈေးအတွင်းရှိ ပစ္စည်း ထည့်သည့် ဗီရိုကြီးများလည်း ခဏ တာ လှုပ်ယမ်းသွားခဲ့ပြီး ဒေသခံများ ပင် အထိတ်တလန့်ဖြစ်ပေါ်ခဲ့ကြ ကြောင်း စလင်းမြို့ခံများက ပြော ဆိုကြသည်။

ယင်းမြေငလျင်ဖြစ်ပေါ်မှု ကြောင့် ဆိုင်ကယ်စီးသူများမူးဝေပြီး ခေတ္တမျှနားနေရကာ ဘဏ်သို့ငွေ လွှဲငွေထုတ်ရန်ရောက်ရှိနေသူ အမျိုး သမီးငယ်တစ်ဦးပင် သစ်သားထိုင်ခုံ ပေါ်မှ ပြုတ်ကျခဲ့ကြောင်း စလင်းဈေး အတွင်းမှ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ငွေသွင်းငွေထုတ်လုပ်နေ သူတစ်ဦးက ယင်း၏အတွေ့အကြုံကို ပြောကြားသည်။
::
မြေလတ်ဒေသတွင် လွန်ခဲ့သော ၃၉နှစ်တာကာလက အကြီးဆုံးလှုပ် ခတ်ခဲ့သော ပုဂံငလျင်မှာ ၁၉၇၅ခုနှစ် တွင်ဖြစ်ပြီး ယင်းနောက်ပိုင်း ပြင်း ပြင်းထန်ထန်လှုပ်ခတ်ခဲ့မှုမရှိဘဲ ပုဂံ ငလျင်လှုပ်ခတ်ခဲ့သောအချိန်က မြေ လတ်ဒေသရှိ စေတီပုထိုးများစွာ ပျက် စီးသွားခဲ့ရကြောင်း ထိုငလျင်ဘေးကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အသက် ၇ဝ အရွယ်ရှိ ဒေါ်ညွန့်ညွန့်က ပြောကြား ခဲ့ကြောင်း သိရသည်။

Yangon Media ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment