Pages

Wednesday, November 19, 2014

ဖေ့စ်ဘွတ်ခ်ကြော်ငြာဝန်ဆောင်မှု သုံးစွဲသူများကို လိမ်လည်မှုများရှိလာ

RangonNewsDaily:: November . 19 .2014
ဖေ့စ်ဘွတ်ခ်တွင် ကြော်ငြာများ ဝေမျှရုံဖြင့် ၀င်ငွေ ရရှိနိုင်သည်ဟု ကြော်ငြာထား သည့် ဖေ့စ်ဘွတ်ခ်ကြော်ငြာဝန် ဆောင်မှုလုပ်ငန်းစာမျက်နှာများ များပြားလာပြီး သုံးစွဲသူများကို လိမ်လည်မှုများရှိလာကြောင်း သတင်းရရှိသည်။
အဆိုပါ ကြော်ငြာဝန်ဆောင် မှုလုပ်ငန်းများမှာ ဖေ့စ်ဘွတ်ခ်သုံး စွဲသူများအား အသင်းဝင်ကြေး ပေးဆောင်စေပြီး ၎င်းတို့စာမျက် နှာရှိ ကြော်ငြာများကို Like,Commentနှင့် Shareများပြုလုပ် ခြင်းဖြင့် ၀င်ငွေရရှိနိုင်သည်ဟု ကြော်ငြာထားခြင်းဖြစ်ကြောင်းအ သင်းဝင်ပြုလုပ်ထားသူများက ပြောသည်။

ဖေ့စ်ဘွတ်ခ်ကြော်ငြာဝန် ဆောင်မှုလုပ်ငန်းတစ်ခုတွင် အ သင်းဝင်ထားသူတစ်ဦးက ‘‘အ သင်းဝင်ကြေး သုံးသောင်းပေးရ တယ်။ မှတ်ပုံတင်နံပါတ်တွေ လည်းပေးရတယ်။ သူတို့ပေးမယ် ဆိုတဲ့ ငွေပမာဏဘယ်လောက် လဲဆိုတာလည်း မသိဘူး။ သူတို့ ကတော့ တင်ပေးတယ်ပြောတာ ပဲ။ ဒါပေမဲ့ ငွေကတက်မလာဘူး။ မေးရင်တော့ Adminအပြောင်းအ လဲဖြစ်လို့လို့ ပြောတယ်။ ရတော့ လည်း တစ်ထောင်၊ နှစ်ထောင်နဲ့ သွားမထုတ်တော့ဘူး’’ဟု ပြော သည်။
::
အင်တာနက်စာမျက်နှာများ၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ တစ် ဆင့် ငွေကြေးလိမ်လည်မှုများမှာ နိုင်ငံတကာတွင် တွေ့ကြုံရလေ့ ရှိပြီး သုံးစွဲသူများနှင့် ကြော်ငြာ လုပ်ငန်းရှင်များအနေဖြင့် သတိ ထားကာ ယုံကြည်ခိုင်မာသည့် အွန်လိုင်းမီဒီယာများ၊ ဈေး ကွက်ကျွမ်းကျင်သူများထံ အလုပ်အပ် နှံသင့်ကြောင်း iMyanmaradsမှ ဦးနေမင်းသူက ဆိုသည်။

‘‘ဖေ့စ်ဘွတ်ခ်မှာ စာမျက်နှာ တွေ တည်ထောင်ကြတာကတော့ ဖေ့စ်ဘွတ်ခ်ရဲ့ Terms and Conditionsနဲ့ မညီဘူး။နောက်ပိုင်းမှာ အဲဒီစာမျက်နှာတွေအပိတ် ခံရနိုင်တယ်။ အဲဒီကျရင် ကြော်ငြာလုပ်ငန်းရှင်တွေအ တွက်လည်းနစ်နာတယ်။ အဲဒီစာမျက်နှာကို အသင်းဝင် လုပ်ထားသူတွေအတွက်ပါ ထိခိုက်နိုင်ပါတယ်။ အဲဒီတော့ တကယ်ခိုင်မာတဲ့ အွန်လိုင်း ကြော်ငြာဝန်ဆောင်မှုတွေကို သုံးသင့်တယ်။ ဖေ့စ် ဘွတ်ခ်သုံးစွဲသူတွေအနေနဲ့လည်း တော်တော်ဆင်ခြင်သင့်တယ်’’ဟု ၎င်းကပြောသည်။
::
ယင်းကဲ့သို့ အွန်လိုင်းမှတစ် ဆင့် ငွေကြေးလိမ်လည်မှုများက အင်ဒိုနီးရှားနှင့် အိန္ဒိယတို့တွင် အများဆုံး တွေ့ရသည်ဟု ဆိုသည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာများ မှတစ်ဆင့် လိမ်လည်မှုများမှာ လအနည်းငယ်အတွင်း သိန်းချီ ချမ်းသာလာမည့်အခွင့်အရေးရှိ ကြောင်း၊ အင်တာနက်သုံးစွဲရင်း အပိုဝင်ငွေ ရရှိနိုင်မည်ဖြစ် ကြောင်း၊ ထိုသို့ ဖြစ်လာရန်အ သင်းဝင်ကြေးပေးဆောင်ကာ ၎င်း တို့စာမျက်နှာပေါ်ရှိ ကြော်ငြာများ ကို ဝေမျှရန်သာလိုအပ်ကြောင်း၊ ထို့အပြင် အဆိုပါဝန်ဆောင်မှုမှ ရရှိလာသည့်အမြတ်များကို လူမှု အဖွဲ့အစည်းများ၏ ပညာရေး ဖောင်ဒေးရှင်းများသို့ လှူဒါန်း သွားမည်ဟု ကြေညာထား ကြောင်း သုံးစွဲသူများကပြော သည်။
::
ဖေ့စ်ဘွတ်ခ်သုံးစွဲသူများကို အင်တာနက်အသုံးပြုရင်း ၀င်ငွေ ရရှိနိုင်သည်ဟု ကြေညာထား သည့် စာမျက်နှာများ၏ ၉၀ရာခိုင် နှုန်းမှာ အတုအယောင်လိမ်လည် မှုများဖြစ်ပြီး ၁၀ရာခိုင်နှုန်းခန့်သာ အစစ်အမှန်များဖြစ်ကြောင်း၊ ဖေ့စ်ဘွတ်ခ်ကို လူမှုဘ၀ဖျော်ဖြေ ရေးတစ်ခုအဖြစ်အသုံးပြုသင့် ကြောင်း၊ လိမ်လည်မှုများလျော့ ကျလာရန် အနုပညာရှင်များ နှင့်အဖွဲ့ အစည်းများက ပညာပေးအစီအစဉ်များ ဦးဆောင်ပြုလုပ်လျှင်ဖြစ်နိုင်ကြောင်း IdeaboxMyanmar ၏ ဒစ်ဂျစ်တယ် ဈေးကွက်အကြံပေး ကိုအောင်ခမ်းကပြောသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment