Pages

Wednesday, November 19, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၈၄/ဝ)အနီးတွင် ယာဉ်တစ်စီးနှင့်တစ်စီး ကျော် တက်မောင်းနှင်ရာမှ လေးခွဖြင့် ပစ်ခတ်မှုဖြစ်ပွား

RangonNewsDaily:: November . 19 .2014
နိုဝင်ဘာ ၁ဝ ရက် ညနေပိုင်းတွင် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်
အမှတ် (၈၄/ဝ)အနီး၌ ယာဉ်တစ်စီး လေးခွနှင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။
မြို့ချောင်းအမြန်လမ်းရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးအောင်နှင့် တပ်ဖွဲ့ဝင်များ သည် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေး
ရာ နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ချမ်းလင်းနောင် မောင်းနှင် လာသော ၆ဃ/----GI Group မှန်လုံယာဉ်မှာ မိုင်
တိုင်(၈၆/၅)အနီးအရောက် နံပါတ်မမှတ်မိ ALPHARD အဖြူရောင်ယာဉ်တစ်စီး ကျော်တက်သွားပြီး မိုင်တိုင်အမှတ် (၈၄/ဝ)အနီးအရောက်၌ လမ်း ယာဘက်စပ်၌ရပ်၍ ယာဉ်ပေါ်မှ လူ တစ်ဦးက လေးခွဖြင့်ပစ်ခတ်သဖြင့် ယာဉ်၏ယာဘက်ခြမ်း
 ထိုင်ခုံအမှတ် (၃)၏ အထက်မှန်အားထိမှန်ကာ မှန်ကွဲအက်သွားခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း၊ 

ဆက်လက်၍ GI Group မှန်လုံယာဉ် သည် လမ်းဘေးသို့ချပြီး အရှိန် လျှော့၍ မောင်းနှင်စဉ် ALPHARD ယာဉ်မှ မှန်လုံ
ယာဉ်အား ထပ်မံ ကျော်တက်ပြီး လေးခွဖြင့် ဒုတိယ အကြိမ် ထပ်မံပစ်ခတ်သဖြင့် GI Group ယာဉ်မောင်း၏ ဝဲဘက်ခြမ်း တံခါးမှန် ထိမှန်ပေါက်ထွက်ပြီး ALPHARD ယာဉ်မှာ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ လေးခွနှင့် ပစ်ခတ်မှုကြောင့် GI Group မှန်လုံ ယာဉ်၏ ဝဲ/ယာဘေးမှန် နှစ်ချပ် ကွဲအက်သွားခဲ့ပြီး တန်ဖိုးငွေကျပ် ၁ဝ သိန်းခန့်ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပြစ်မှု
ကျူးလွန်သူအား အရေးယူပေးပါရန် ယာဉ်မောင်း ချမ်းလင်းနောင်က တိုင်တန်းသဖြင့် မြို့ချောင်းအမြန် လမ်းရဲစခန်းက (ပ)၁၄/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၂၇၉-က/၄၄ဝ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိသည်။

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment