Pages

Wednesday, November 19, 2014

အလုပ်ရှင်ကို ဓားပြတိုက် သတ်ဖြတ်ခဲ့သည့် မြန်မာအလုပ်သမား ၂ ဦး ဖမ်းမိ

RangonNewsDaily:: November . 19 .2014
ထိုင်းနိုင်ငံ တာခ်ျခရိုင်မှာ အလုပ်ရှင်ကို ဓားပြတိုက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ယူဆရတဲ့ မြန်မာအလုပ်သမား ၂ ဦးကို ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးထားပါတယ်။
အသက် ၂၀ အရွယ် အားစိုနဲ့ သူ့ရဲ့မိန်းကလေးမိတ်ဆွေ ဘို တို့ ၂ ယောက်ကို မနက် ၅ နာရီအချိန်က မူဝမ်နယ်မြေမှာ ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
::
သူတို့ ၂ ဦးဟာ အသက် ၅၀ အရွယ် အမ်ဖန် ဆယ်ကွေ့ ကို သတ်ဖြတ်ပြီး ငွေသား ဘတ် ၆ သောင်းနဲ့ ရွှေထည်ပစ္စည်းတချို့ကို ယူဆောင်ထွက်ပြေးခဲ့တယ် လို့လည်း ဆိုပါတယ်။
::
သူတို့တွေဟာ အရင်ရက်ပိုင်းမှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတယောက်နဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလူသတ်မှုကို အလုပ်ရှင်ရဲ့ဆိုင်က လုံခြုံရေး ကင်မရာကနေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။


DVB ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment