Pages

Wednesday, November 19, 2014

ဂျာမနီနှင့်ပိုလန်သံတမန်များအား ရုရှားနှင်ထုတ်

RangonNewsDaily:: November . 19 .2014
ဂျာမနီနှင့်ပိုလန်နိုင်ငံတို့က ရုရှားသံတမန်အချို့အား နိုင်ငံမှထွက်ခွာရန် ညွှန်ကြားလိုက်ပြီးနောက်တွင် ရုရှားနိုင်ငံကလည်း ဂျာမနီနှင့်ပိုလန်သံတမန်များစွာကို နှင်ထုတ်လိုက်ကြောင်း သိရသည်။
သံတမန်များအား တနင်္လာနေ့မှစတင်၍ နှင်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရုရှားအစိုးရသတင်းဌာန အင်တာဖက်စ်က ထုတ်ပြန်ပြောဆိုလိုက်သည်။

မိမိတို့အနေဖြင့် ဂျာမနီနှင့်ပိုလန်တို့မှ ရုရှားသံတမန်များ နှင်ထုတ်ခံရမှုအပေါ် ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ဆိုသည်။
::
ပိုလန်သံတမန်များအနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာနှင့်ကိုက်ညီမှုမရှိသော လုပ်ရပ်များတွင် ပါဝင်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

အခြားသော အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်း ပြောဆိုခြင်းမရှိပေ။
::
ဂျာမနီနှင့်ပိုလန်နိုင်ငံတို့ကလည်း ၄င်းတို့အနေဖြင့် ရုရှားသံတမန်များအား ပြန်လည် နှင်ထုတ်ခဲ့ကြောင်းကို ရှင်းလင်းပြောဆိုခြင်းမရှိပေ။

ရုရှားနှင့်အနောက်ဥရောပနိုင်ငံများသည် လက်ရှိအချိန်တွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ ဆိုးဆိုးရွားရွား တင်းမာ မှုများ ပေါ်ပေါက်လျက်ရှိသည်။

Ref:NHK , News Watch ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment