Pages

Wednesday, November 19, 2014

လှိုင်သာယာတစ်ဝိုက် သောင်းကျန်းနေသော အကြမ်းဖက် လုယက်ဂိုဏ်းကို ရဲကစီးနင်းဖမ်းဆီး


RangonNewsDaily:: November . 19 .2014
လှိုင်သာယာ မြို့နယ်တစ်ဝိုက်တွင် အကြမ်းဖက် လုယက်မှုများအား အုပ်စုဖွဲ့ကျူးလွန် နေသောဒုစရိုက်ဂိုဏ်းတစ်ခုကို ရန် ကုန်တိုင်း ရဲတပ်ဖွဲ့ဦးစီးသော ပူးပေါင်း အဖွဲ့မှ အင်အား ၃ဝခန့်ဖြင့် နိုဝင်ဘာ ၁၆ရက် ညနေပိုင်းကဝင်ရောက်စီးနင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ပန်း ရပ်ကွက် မြေတိုင်း ၃၂ မူကြိုလမ်းဆုံ အိမ်ရာ၊ တိုက်(၄)ရှိ နေအိမ်တစ်အိမ် တွင် မူးယစ်ဆေးဝါးရောင်းချနေ ကြောင်း သတင်းရရှိသဖြင့် ဝင်ရောက် ရှာဖွေရာ လူရှစ်ဦးခန့်က ရဲတပ်ဖွဲ့ ဝင်များကို တုတ်ဓားလက်နက်များ ဖြင့် ပြန်လည်ခုခံရာရဲတပ်ဖွဲ့ဝင်များ ၏ ရွပ်ရွပ်ချွံချွံပြန်လည်တိုက်ခိုက်နိုင် ပြီး ယင်းလူရှစ်ဦးကို သက်သေခံ ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းနေအိမ်အတွင်းမှ ဖမ်းဆီး ရမိခဲ့သည့်ပစ္စည်းများမှာ ဓားမျိုးစုံ ၃၇ချောင်း၊ လိုင်စင်မဲ့ဆိုင်ကယ် ငါး စီး၊ ဟွန်ဒါဟိုက်တက်ဆိုင်ကယ်တစ်စီး၊ ဆေးခြောက်ဟုယူဆရသည့်အရွက် ခြောက်၂ဒသမ ၈၅ဂရမ်စသည်တို့ကို သိမ်းဆည်းရမိခဲ့ပြီး မျိုးလွင်အောင်၊ ဖိုးတုတ်၊ သန်းဇော်ဦး၊ နေလင်းဦး၊ ရှိုင်းမင်းဦး၊ မမြအေး၊ ရဲကျော်သူတို့ ခုနစ်ဦးကိုလည်း လက်ရဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။
::
ဒုရဲမှူးကြီးမြင့်ထွေးက ''အခု ဖမ်းဆီးရမိတဲ့သူ ခုနစ်ဦးက အခြား ပြစ်မှုတွေကိုလဲ ကျူးလွန်မှုထားတာ ရှိတယ်။ သူတို့ထဲက တချို့က အရင် ပြစ်ချက်ဟောင်းနဲ့ ထောင်ကျခဲ့ဖူးတာ တွေရှိတယ်။

အခုဖမ်းဆီးရမိတဲ့အဖွဲ့ ဆိုရင် အုပ်ချုပ်ရေးအဖွဲ့တွေကို ဓား ထောက်ခြိမ်းခြောက်တယ်။ လုယက်မှု တွေကျူးလွန်းတယ်။သူတို့တွေအရင် ကျူးလွန်ခဲ့တဲ့အမှုတွေနဲ့လဲ တိုက်ဆိုင် စစ်ဆေးသွားမယ်။ သူတို့နဲ့ပတ်သက် ဆက်နွှယ်မှုရှိတဲ့သူတွေကိုလဲ ထပ်မံ ဖမ်းဆီးသွားမယ်။ ဒီနေ့သူတို့ကို ထပ် စစ်ဆေးသွားဖို့ရှိပါတယ်''ဟု ပြော သည်။
::
¤င်းတို့ခုနစ်ဦးကို လှိုင်သာယာ ရဲစခန်းမှ ပြစ်မှုပုဒ်မ၃၅၃၊ လက် နက်များ အက်ဥပဒေပုဒ်မ-၁၉(က)ဖြင့် နှစ်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ် မ ၈/၁ဝဖြင့် နှစ်မှု၊ မူးယစ်ပုဒ်မတို့ဖြင့် လတ်တလောအမှုဖွင့်ကာ ဆောင် ရွက်နေကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှုခင်းအကူဌာနစုမှ ဒုရဲမှူးညိုပု ခေါင်းဆောင်မှုဖြင့် ရဲအုပ်အောင်ကို ကိုနှင့်အဖွဲ့၊ လုံခြုံရေးတပ်ခွဲ(၂)မှ ရဲအုပ်သန်းဇော်ထိုက်အဖွဲ့၊ အနောက် ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ်မြင့်ဇော်နှင့်အဖွဲ့၊ လှိုင်သာယာ မြို့မရဲစခန်းမှ တာဝန်ရှိသူများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Yangon Media ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment