Pages

Wednesday, November 19, 2014

နည်းပညာတက္ကသိုလ်၊ ကောလိပ်များ အောင်ချက်နည်းB.E ဝင်ခွင့်စာမေးပွဲများ ယခင်လေးနှစ် တစ်ကြိမ်မှ ယခုနှစ်မှစ၍ နှစ်စဉ်ကျင်းပတော့မည်

RangonNewsDaily:: November . 19 .2014
သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာနလက်အောက်ရှိ နည်း ပညာတက္ကသိုလ်၊ ကောလိပ်များ ၏ ၂၀၁၃-၁၄ ပညာသင်နှစ်မေး ခွန်းများကို အရည်အသွေးမြှင့်၍ မေးထားသောကြောင့် နိုဝင်ဘာ ၁၆ ရက် နံနက်က ထွက်ရှိခဲ့သည့် အောင်စာရင်းတွင် အောင်ချက် နည်းပါးရခြင်းဖြစ်ပြီး ကျောင်းသား များ မနစ်နာအောင် B.E ဝင်ခွင့် စာမေးပွဲများကို နှစ်စဉ်ကျင်းပသွား မည်ဖြစ်ကြောင်း စက်မှုနှင့် သက် မွေးပညာဦးစီးဌာနညွှန်ကြားရေး မှူးချုပ် ဒေါက်တာဇော်ဝင်းက ပြောကြားသည်။
နည်းပညာတက္ကသိုလ်များ၊ ကောလိပ်များတွင် အောင်စာရင်း များထုတ်ပြန်ခဲ့ရာ အချို့ အထူးပြုဘာသာရပ်များ၌အောင်မြင်သူလုံးဝမရှိသည်အထိ အောင်ချက်နည်းပါးခဲ့သည်။

‘‘B.E ဝင်ခွင့်အောင်ချက်ကို ၂၀ ရာခိုင်နှုန်းပဲပေးတယ်။ အစ ကတည်းက အင်ဂျင်နီယာပညာ ရေးကို အရည်အသွေးမြှင့်တင် မယ်ဆိုပြီးလုပ်တာ။ အဲဒါရဲ့ တစ် စိတ်တစ်ပိုင်းအရ မေးခွန်းကို နည်း နည်းမြှင့်သွားတဲ့သဘောပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။
::
B.E ဝင်ခွင့်စာမေးပွဲများကို ယခင်က လေးနှစ်တစ်ကြိမ်သာ ကျင်းပလေ့ရှိသော်လည်း ယခု အခါတွင် ကျောင်းသား၊ ကျောင်း သူများ နစ်နာမှုမရှိစေရန် နှစ်စဉ် ဝင်ခွင့်စာမေးပွဲများကို ပြုလုပ်ပေး သွားရန် စီစဉ်ထားကြောင်း ဒေါက်တာဇော်ဝင်းက ပြောသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များအောင်စာရင်းထုတ်ပြန်ရန် သက်ဆိုင်ရာပါမောက္ခများ၊ မော်ကွန်းထိန်းများဖြင့် အစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်တိုင်တိုင်ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
::
‘‘ဒီနှစ် ကျောင်းသားက သုံးပုံ နှစ်ပုံလောက်ပဲနာမည်ပါတယ်။ အဲဒီထဲမှာ ဘီအီးဆက်တက်ခွင့်ရ တာ တစ်ဝက်တောင်မရှိဘူး။ အရင်က အောင်စာရင်းထုတ်ရင် အခုလိုမဟုတ်ဘူး။ နေပြည်တော်မှာ အစည်းအဝေးထိုင်ပြီးတော့မှ အခုလိုအောင်စာရင်းထွက်လာတာ’’ဟု သန်လျင်နည်းပညာတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသားတစ်ဦးကပြောသည်။

နည်းပညာ တက္ကသိုလ်၊ ကောလိပ်အချို့တွင် အောင်မြင် သူမရှိသော မေဂျာများပင်ရှိသည်။ ဂန့်ဂေါမြို့ စက်မှုလက်မှုသိပ္ပံတွင် ဝင်ခွင့်ဖြေဆိုသည့် သင်တန်းလေး ခုလုံး၌ အောင်မြင်သူမရှိကြောင်းနှင့် ယခုနှစ်ဝင်ခွင့်ဖြေရာတွင် အခက်အခဲဆုံးဖြစ်ကြောင်း ဂန့်ဂေါစက်မှုလက်မှုသိပ္ပံ ဒုတိယနှစ်ကျောင်းသားတစ်ဦးက ပြော သည်။
::
ယခု B.E ဝင်ခွင့်မရသော ကျောင်းသားများနှင့် ယခင်နှစ်များ က B.E ဝင်ခွင့်မရသောကျောင်း သားများအတွက် နှစ်စဉ်ဝင်ခွင့်စာ မေးပွဲများကို စစ်ဆေးသွားမည်ဖြစ် သော်လည်း မေးခွန်းကို အဆင့် မြှင့်တင်သွားမည်ဖြစ်ကြောင်း စက်မှုနှင့် သက်မွေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းက ပြောသည်။

‘‘ကျောင်းသားတွေကို သက် သက် ဒုက္ခပေးလိုက်တာထင် တယ်။ အရင်နှစ်က အကုန်နီးပါး အောင်ပေးတယ်။ အခုကျတော့ အကုန်နီးပါးချပစ်တယ်။ ဝင်ခွင့် တွေဖြုတ်ပစ်တယ်။ ကျွန်တော်တို့ က ဘာလုပ်လို့လုပ်ရမှန်းမသိတာ’’ ဟု သန်လျင်နည်းပညာတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသားတစ်ဦးက ပြောသည်။
::
အထက်ပါနည်းပညာတက္က သိုလ်များ၏ ၂၀၁၄-၁၅ ပညာ သင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ ၁၇ ရက်တွင် စတင်ကျောင်းအပ်လက် ခံသွားမည်ဖြစ်ကြောင်း သိရ သည်။

7daydaily ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment