Pages

Wednesday, November 19, 2014

အရှေ့ အာရှထိပ်သီး အစည်းအဝေးပွဲတတ်ရောက်ခဲ့သော အိန္ဒိယ ၀န်ကြီးချုပ်လေယာဉ် နေပြည်တော်တွင် ၉၂ မိနစ် စောင့်ခဲ့ရ

RangonNewsDaily:: November . 19 .2014
အိန္ဒိယ၀န်ကြီးချုပ် နာရင်းဒရာမိုဒီရဲ့ အဲအိန္ဒိယ-၀မ်း လေယာဉ်ဟာ သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ကို ဆက်လက် မထွက်ခွာရသေးခင် လေယာဉ်ဆီဖြည့်ရာမှာ နှောင့်နှေးမှု ကြောင့် နေပြည်တော်လေဆိပ်မှာ ၉၂ မိနစ်လောက် အချိန်စောင့်လိုက်ရတယ်လို့ အိန္ဒိယ မီဒီယာတွေမှာ ရေးပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီခွဲမှာ နေပြည်တော်က ထွက်ခွာဖို့ စီစဉ်ထားတဲ့ အိန္ဒိယ၀န်ကြီးချုပ်ရဲ့ လေယာဉ်ခရီးစဉ်ဟာ လေဆိပ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိလို့ နှောင့်နှေးခဲ့ရပြီးနောက် ည ၁၁ နာရီ ၂ မိနစ်မှာမှ ထွက်ခွာခဲ့ရပါတယ်လို့ ဆိုပါတယ်။

“ကျနော်တို့လေယာဉ်ကို ဆီဖြည့်ပေးဖို့ မြေပြင်တာဝန်ရှိသူရဲ့ နှောင့်နှေးမှုကြောင့်ရယ် ပစ္စည်းပစ္စယ မပြည့်စုံမှုတွေကြောင့်ရယ် ၉၂ မိနစ်လောက် အချိန်နောက်ကျသွားခဲ့ရတာပါ။ ဒီအကြောင်းကို သံရုံးနဲ့ အထူးကာကွယ်ရေးအဖွဲ့ SPG ကိုလဲ သတင်းပို့ထားပါတယ်” လို့ အဲအိန္ဒိယလေကြောင်းအရာရှိတဦးက ပြောပါတယ်။
::
ဝန်ကြီးချုပ်မိုဒီဟာ အာဆီယံ- အိန္ဒိယ ထိပ်သီးအစည်းအဝေးနဲ့ အရှေ့ အာရှထိပ်သီး အစည်းအဝေးပွဲတွေကို တခြားဒေသတွင်းခေါင်းဆောင်တွေနဲ့ အတူ တက်ရောက်ဖို့ နေပြည်တော်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment