Pages

Sunday, October 19, 2014

မြန်မာအလုပ်သမား တစ်ဦးကို ဘန်ကောက်တွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားက ဘတ် ၅၀၀၀ လိမ်လည်ပြီး ဘန်ကောက်ရှိ IDC ရုံးရှေ့၌ စွန့်ပစ်မှုဖြစ်ပွား

စွန့်ပစ်ခံရသည့် မြန်မာအလုပ်သမားကို တွေ့ရစဉ် (ဓာတ်ပုံ-Eya Chain Maw- Facebook)
RangonNewsDaily:: October . 18 .2014
မြန်မာအလုပ်သမားတစ်ဦးကို ဘန်ကောက်တွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားက လိမ်လည်ခေါ်ယူခဲ့ပြီး ဘန်ကောက်ရှိ IDC ရုံးတွင် လာရောက်စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ အဖွဲ့ချုပ်မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါအလုပ်သမားသည် ထားဝယ်ဒေသမှဖြစ်ပြီး ထိုင်းနိုင်ငံ ကန်ချနာဘူရီမြို့ရှိ Vita Food အချိုရည်စက်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် ပွဲစားက ဘန်ကောက်တွင် အလုပ်ကောင်းသည်ဟုပြော၍ လိုက်ခဲ့ရန်ခေါ်သဖြင့် ဘတ် ၅ဝဝဝ အကုန်အကျခံကာ လိုက်ခဲ့ကြောင်း၊ ဘန်ကောက်ရောက်သော်လည်း အလုပ်မရသဖြင့် ပွဲစားက Immigration Detection Centre ရှေ့တွင် ပစ်ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအလုပ်သမားနှင့် ကိုယ်တိုင်တွေ့ရှိခဲ့သူက “ထိုင်းဈေးသည်နှစ်ဦးက မြန်မာအချင်းချင်း ကူညီပေးပါဆိုပြီး ကျွန်တော်တို့ကို လာခေါ်တာ။ သူက စွန့်ပစ်ခံထားရတာက လေးရက်ရှိပြီ။ ညဆို ကားမှတ်တိုင်မှာ အိပ်တယ်။
::
အခုအချိန်အထိ ထမင်းမစားရသေးဘူး။ ထူးဆန်းတာက သူ့ကိုပွဲစားက ပုလိပ်ရုံးရှေ့မှာ ပစ်ထားခဲ့ပေမယ့် ငွေမထွက်တဲ့သူမို့ ပုလိပ်က မဖမ်းဘူး” ဟု Eya Chain Maw ဖေ့ဘုတ်(စ်)တွင် ရေးသားထားသည်။ လက်ရှိတွင် ယင်းအလုပ်သမားကို ထိုင်းနိုင်ငံရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်၏ ရုံးခန်းတွင် ခေတ္တခေါ်ယူထားကြောင်း သိရသည်။

“သူ့မှာ ပတ်(စ်)ပို့တွေ Work Permit တွေရှိရင်တော့ သူ့ကိုအလုပ်ပြန်သွင်း ပေးလို့ရတယ်။ အဲ့ဒါတွေ သူ့မှာမရှိရင်တော့ ခက်တာပေါ့။ သူ့ဆန္ဒက ဘယ်လိုရှိလဲတော့ မသိဘူး။ တကယ်လို့ သူမြန်မာပြည်ကို ပြန်ချင်တယ်ဆိုရင်လည်း ပြန်ပို့ပေးရမှာပေါ့” ဟု ယင်းအလုပ်သမားနှင့် ပတ်သက်၍ ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ် (MOEAF) မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောကြားသည်။
::
ယင်းအလုပ်သမားသည် ထိုင်းနိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Eleven ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment