Pages

Sunday, October 19, 2014

ဘင်္ဂလား ပင်လယ်အော်တွင် ၄၈ နာရီအတွင်း မုန်တိုင်း တစ်လုံး ဖြစ်နိုင်

RangonNewsDaily:: October . 18 .2014
ဘင်္ဂလားပင်လယ်အော်တွင် ၄၈ နာရီအတွင်းမုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် မုန် တိုင်းဖြစ်လာရန် တာဆူနေခြင်း ဖြစ်ပြီး လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံအတွက် သက်ရောက် မှုမရှိနိုင်သေးကြောင်း ၎င်းကပြောကြားသည်။

ယင်းမုန်တိုင်းဖြစ်လာပါက ဘင်္ဂလား ပင်လယ်အော်တွင် အောက်တိုဘာအတွင်း ဒုတိယမြောက်မုန်တိုင်း ဖြစ်လာမည်ဖြစ် ပြီး နောက်ဆုံးဖြစ်ခဲ့သော မုန် တိုင်းသည် တစ်နာရီမိုင် ၁၂၀ နှုန်း ရှိသော အင်အားပြင်းဆိုင်က လုန်းမုန်တိုင်းအဆင့်ဖြင့် အိန္ဒိယ နိုင်ငံသို့ အောက်တိုဘာ ၁၂ ရက် က ၀င်ရောက်ခဲ့သည်။ မိုး/ဇလ ဌာနကလည်း မိုးလွန်ကာလတွင် ဘင်္ဂလားပင်လယ်အော်၌ မုန် တိုင်းတစ်လုံးထပ်ဖြစ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
::
အခြား သဘာဝဘေး သတင်းတစ်ခု အနေဖြင့် အောက် တိုဘာ ၁၇ ရက် နံနက်က မြန်မာ -တရုတ်နယ်စပ်အနီးတွင် အင် အား ရစ်ခ်ျတာစကေး ၄ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး အဆိုပါငလျင်ကို မြန်မာနိုင်ငံဘက် ခြမ်းကပါ ခံစားခဲ့ရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

7 Day News ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time