Pages

Sunday, October 19, 2014

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် နေအိမ်ပြိုကျပြီး မိသားစုဝင် ငါးဦးသေဆုံး

RangonNewsDaily:: October . 18 .2014
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၁၀)တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ပြိုကျရာ မိသားစုဝင် ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၇ ရက် ည နေ ၆ နာရီအချိန်တွင် မိုးရွာသွန်းမှုဖြစ်ပွားရာ တောင်စောင်းပေါ်တည်ဆောက်ထားသည့် အိမ်ပြိုကျခဲ့၍မိသားစုဝင် ငါးဦးသေဆုံးသွားခြင်းဖြစ်သည်။

‘‘ဒီနေ့ ညနေမှာ မိုးက အရမ်းရွာတာဗျ။ သူတို့အိမ်က တောင်စောင်းလေးမှာ ဆောက်ထားတဲ့ တိုက်ခံအိမ်လေးပါ။ သူတို့မိသားစုက ရှစ်ယောက်ရှိတာပါ။ လောလောဆယ် မိသားစုငါးဦးအလောင်းကို တွေ့ရှိထားပါတယ်။ အိမ်က ပြိုကျတာဘာမှမရှိတော့ဘူး။ ရှာဖွေမှုတွေလုပ်နေတုန်းပါ’’ဟု တောင်ကြီးခရိုင်NLDပါတီ ဥက္ကဋ္ဌဦးတင်မောင်တိုးကပြောသည်။
::
ရှာဖွေရေးဆက်လုပ်ရာတွင် ကလေးငယ်တစ်ဦးကို ဒဏ်ရာများနှင့် တွေ့ရှိခဲ့ပြီး ကျန်ကလေးငယ်နှစ်ဦးမှာမူပျောက်ဆုံးနေဆဲဖြစ်သည်။

7Day ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment