Pages

Sunday, October 19, 2014

ချယ်လ်ဆီး၊ မန်စီးတီး၊ ဆောက်သမ်တန်တို့နိုင်ပွဲရခဲ့ပြီး အာဆင်နယ် သရေကျ

ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည့် ကွင်းလယ်လူအော်စကာ အောင်ပွဲခံနေစဉ်(Photo:AFP)
RangonNewsDaily:: October . 19 .2014
ပရီးမီးယားလိဂ်ပွဲစဉ်(၈) စနေညပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဇယား ထိပ်ဆုံးမှဦးဆောင်နေသည့် ချယ်လ်ဆီးအပါအ၀င် မန်စီးတီး၊ ဆောက်သမ်တန် အသင်းတို့ နိုင်ပွဲရခဲ့သော်လည်း အာဆင်နယ်အသင်းမှာ အိမ်ကွင်းတွင် ဟားလ်စီးတီးကို သရေသာကစားနိုင်ခဲ့သည်။
ဆောက်သမ်တန်အသင်းသည် ဆန်းဒါးလန်းအသင်းကို (၈-၀) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ယခုရာသီပရီးမီးယားလိဂ်၏ ဂိုးအပြတ်ဆုံးနိုင်ပွဲဖြစ်လာခဲ့သည်။ ဖိအားများနှင့် ရင်ဆိုင်နေရသည့် နယူးကာဆယ်အသင်းမှာလည်း အိမ်ကွင်းတွင် လက်စတာကို အနိုင်ရပြီး ယခုရာသီပထမဆုံးနိုင်ပွဲကိုရှာတွေ့သွားခဲ့သည်။

ပွဲရလဒ်များ

မန်စီးတီး ၄-၁ စပါး
အာဆင်နယ် ၂-၂ ဟားလ်စီးတီး
ဘန်လေ ၁-၃ ၀က်စ်ဟမ်း
ခရစ္စတယ်ပဲလေ့စ် ၁-၂ ချယ်လ်ဆီး
အဲဗာတန် ၃-၀ အက်စတွန်ဗီလာ
ဆောက်သမ်တန် ၈-၀ ဆန်းဒါးလန်း
နယူးကာဆယ် ၁-၀ လက်စတာ

Eleven Media , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment