Pages

Sunday, October 19, 2014

အိန္ဒိယနိုင်ငံက နျူးဒုံးကျည်ကို အောင်မြင်စွာစမ်းသပ် ပစ်လွှတ်နိုင်ခဲ့

RangonNewsDaily:: October . 19 .2014
အိန္ဒိယနိုင်ငံက ၄င်း၏ပြည်တွင်းလုပ် နာ့ဘ်ဟေး ဟုခေါ်သော နျူကလီးယား ဒုံးကျည်ကို သောကြာနေ့ကက သြရိဿ အရှေ့ဘက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့သည်။
မြေပြင်ပစ် နျူကလီးယားဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်းကို ချန်ဒီပါးလ်၌ ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီက အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။ ဒေသတွင်း ရုပ်သံလိုင်းများ က နျူကလီးယား ဒုံးကျည်ပစ်လွှတ်ခြင်းကို ပြသခဲ့ကြသည်။

တပ်မတော်သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့က တည်ဆောက်ခဲ့သော အဆိုပါ ဒုံးကျည်မှာ ပစ်လွှတ်နိုင်ပြီး ရေဒါဖြင့် ဖမ်း၍မရနိုင်ကြောင်း သတင်းအရင်း အမြစ်များက ပြောခဲ့သည်။

ရန်သူ့ပိုင်နက်ကို ၁ဝဝဝ ကီလိုမီတာ ဝန်းကျင်ခန့်ထိအပြင်းအထန် ထိခိုက်မှု ရှိစေနိုင်သော ယင်းနျူကလီးယားဒုံးကျည်ကို အာကာသမှ အချက်ပေးထိန်းချုပ်နိုင်ကြောင်း သိရသည်။

ဆင်ဟွာ , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment