Pages

Sunday, October 19, 2014

ယာဉ်တိုက်ခံရ ဟန်ဆောင်၍ ငွေလိမ်တောင်းသည့် အဖွဲ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူများ ပါဝင်

RangonNewsDaily:: October . 18 .2014
ရန်ကုန်မြို့လယ်ကောင်တွင် ယာဉ်တိုက်ခံရသည်ဟု ဟန်ဆောင်ကာ အုပ်စုဖွဲ့၍ ယာဉ်မောင်းများထံမှ ပိုက်ဆံလိမ်လည် တောင်းခံနေသည့် အဖွဲ့နှစ်ဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ရာ ယင်းဖမ်းမိသူများတွင် စက်တင်ဘာလ ၁၇ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူများ ပါဝင်ကြောင်း ကျောက်တံတား မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း (ခ) ဘားလမ်းတွင် အောက်တိုဘာလ ၁၂ ရက် ညနေ ၆ နာရီတွင် အမျိုးသားတစ်ဦးက ကယ်လ်ဒီနာ အမျိုးအစားယာဉ်ဖြင့် အတိုက်ခံရသည်ဟု ဆိုကာ လှဲချခဲ့ပြီး ၎င်းနှင့်ပါလာသော အမျိုးသားနှစ်ဦးက ယာဉ်မောင်းဖြစ်သူကို ပြဿနာရှာပြီး လျော်ကြေးငွေပေးရန် တောင်းဆိုခဲ့ကြောင်း ယင်းရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

“ယာဉ်ပိုင်ရှင်တွေက ယာဉ်တိုက်မှုကို စခန်းမှာ အမှုသွားဖွင့်မယ်ဆိုတော့ သူတို့အဖွဲ့က ထွက်ပြေးတာ၊ ကားတိုက်ခံရတယ်လို့ ဟန်ဆောင်တဲ့သူကို ဈေးသည်တွေက ဝိုင်းဖမ်းပေးခဲ့တာ၊ စစ်ဆေးကြည့်တော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်က လွတ်လာတဲ့သူမှန်း သိရှိခဲ့ရတယ်” ဟု ၎င်းက ရှင်းပြသည်။
::
အလားတူ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီက ကျောက်တံတားမြို့နယ်၊ အနော်ရ
ထာလမ်းနှင့် ၃၃ လမ်းတွင် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက ကားတိုက်ခံရသည်ဟု ဆိုကာ ဟန်ဆောင်လှဲချပြီး ၎င်းနှင့်ပါလာသူများက လျော်ကြေးငွေပေးရန် တောင်းဆိုသဖြင့် ယာဉ်မောင်းဖြစ်သူက ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် ယာဉ်
တိုက်ခံရသည်ဟု ဆိုသော လူငယ်ကို ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာမှ ယာဉ်တိုက်ဟန်ဆောင်
ကာ လိမ်လည်သည်ကို ပေါ်ပေါက်ခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိ
ရသည်။

“နှစ်ရက်ဆက်တိုက် ကားတိုက်ဟန်ဆောင်ပြီး ငွေညှစ်တောင်းနေတဲ့ အဖွဲ့ကို ဖမ်းမိတာ၊ အခုဖမ်းမိတဲ့ နှစ်ဖွဲ့က ခြောက်ယောက်ထဲမှာ ခါးပိုက်နှိုက်မှုနဲ့ လွတ်လာသူတွေ ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးနိုင်ဖို့ အရေးယူနိုင်ဖို့ စုံစမ်းနေဆဲပါ” ဟု ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
::
အဆိုပါအုပ်စုဖွဲ့ ကားတိုက်ဟန်ဆောင်ကာ ငွေလိမ်လည်တောင်းနေသူများမှာ ကြည့်မြင်တိုင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တို့ရှိ ယာဉ်ကြောရှုပ်ထွေးသော လမ်းသွယ်များတွင် ယာဉ်တိုက်မိဟန်ဆောင်ကာ ယာဉ်ပိုင်ရှင်များထံမှ ငွေများ လိမ်လည်ခဲ့သည်ကို ထပ်မံပေါ်ပေါက်ခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment