Pages

Sunday, October 19, 2014

တစ်ပတ်အတွင်း ဒုတိယအကြိမ် လူမြင်ကွင်းရှေ့ ထွက်ပေါ်လာသည့် ကင်မ်ဂျုံအန်


RangonNewsDaily:: October . 19 .2014
ရက်ပေါင်း အတော်ကြာ လူမြင်ကွင်းမှ ပျောက်ဆုံးနေပြီးနောက် ဒုတိယ အကြိမ်မြောက်အဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်သည် လမ်းလျှောက်တုတ် တစ်ချောင်းဖြင့် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
ရက်ပေါင်း(၄၀)မျှ သတင်းအစအန ပျောက်နေပြီး မြောက်ကိုရီးယား၏ အထင်ကရ အခမ်းအနား နှစ်ခုကို တက်ရောက်ရန် ပျက်ကွက်ခဲ့သည့်နောက် ကင်မ်၏ ကျန်းမာရေး ဆိုးရွားနေပြီဟု သတင်းများ ထွက်ပေါ်ခဲ့သလို မြောက်ကိုရီးယားတွင် အာဏာသိမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ကောလာဟလများလည်း ပျံ့နှံ့ခဲ့သည်။

သို့သော်လည်း ကင်မ်သည် ယခုသီတင်းပတ်အတွင်းတွင် သိပ္ပံပညာရှင်များ ရိပ်သာ တည်ဆောက်နေမှုကို သွားရောက် စစ်ဆေးခြင်းဖြင့် လူမြင်ကွင်းရှေ့ တစ်ကျော့ပြန် ရောက်ရှိလာသည်။ ထိုအချိန်က ကင်မ်သည် အနက်ရောင် လမ်းလျှောက် တုတ်ကောက် တစ်ချောင်းကို ကိုင်ဆောင်လာခဲ့သည်။


 အောက်တိုဘာ (၁၇)ရက် နံနက်ပိုင်းတွင် မြောက်ကိုရီးယား အစိုးရ မီဒီယာများက ကင်မ်၏ နောက်ထပ် ခရီးစဉ် တစ်ခုကို ထုတ်လွှင့် ပြသခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း ကင်မ်၏ လက်ထဲတွင် လမ်းလျှောက်တုတ် ရှိနေသည်ကို တွေ့ခဲ့ရသည်။

အသက်(၃၂)နှစ်ရှိ ကင်မ်သည် စက်တင်ဘာလဆန်း ကတည်းက ရုတ်တရက် သတင်းပျောက်ကွယ်နေပြီး အောက်တိုဘာ (၁၃)ရက်တွင်မှ တစ်ကျော့ပြန် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အောက်တိုဘာ (၁၆)ရက်တွင်မူ ၎င်းသည် ကင်မ်ချော့ခ် နည်းပညာ တက္ကသိုလ်သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း နောက်တစ်ရက်တွင် ထုတ်လွှင့်သည့် သတင်း၌ ဖော်ပြထားခဲ့သည်။


ကင်မ်ချော့ခ် တက္ကသိုလ်သည် နျူကလီးယား အင်ဂျင်နီယာ နည်းပညာနှင့် ပတ်သက်၍ အထူးပြု လေ့လာသင်ကြားသည့် ဌာနတစ်ခုအဖြစ် ထင်ရှားကြောင်းလည်း သိရှိရသည်။


7 Day Daily, 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment