Pages

Friday, October 17, 2014

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃နှစ်နှင့်ဒဏ် ငွေ ၁သိန်းချမှတ်

RangonNewsDaily:: October . 17 .2014
ဘဏ္ဍာငွေအလွဲသုံးစားမှု၊ နိုင်င့တော် အကြည်ညိုပျက်စေမှုတို့ဖြင့် ဖမ်းဆီးပြီး စွဲချက်တင်ခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ထောင်ဒဏ် ၁၃နှစ်နှင့် ငွေဒဏ် ၁သိန်း နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် နိုင်ငံတော်ဘတ်ဂျက်ငွေ အလွဲသုံးစားမှုနှင့် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုတို့ဖြင့် ရာထူးမှ ဖယ်ရှားခံရပြီး ဇူလိုင်လ ၁၉ ရက်နေ့ကတည်းက ရမည်းသင်းအကျဉ်းထောင်တွင် ထိမ်းသိမ်းခံထားရသူ ဖြစ်သည်။ 

ဦးဆန်းဆင့်ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံစားမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ နှင် နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က) တို့ဖြင့် နေပြည်တော်ကောင်စီ ဒက္ခိဏသီရိတရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

မဟနနှင့် ပြည်ပသာသနာပြုဆရာတော် ဦးပညာဝံသတို့ကြား ပိုင်ဆိုင်မှုအငြင်းပွားနေသော ရန်ကုန်မြို့ရှိ မဟာသန္တိသုခကျောင်းတော်ကို သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များက ဇွန်လ ၁၀ရက်နေ့တွင် ၀င်ရောက်စီးနင်းမှုကို ဆန့်ကျင်ကန့်ကွက်မှုကြောင့် ဦးဆန်းဆင့်ကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဆိုထားသည်။
::
သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း ဦးဆန်းဆင့်သည် သမ္မတ၏ တာဝန်ပေးမှုကို ထမ်းဆောင်ရန် ပျက်ကွက်မှုများ ရှိခဲ့သည်ဟု ထုတ်ဖေါ်ပြောကြားထားဖူးသည်။

Popular Myanmar ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment