Pages

Friday, October 17, 2014

ရန်ကုန်မြို့လယ်ကောင်တွင် အုပ်စုဖြင့် ရိုက်နှက်ခိုက်ရန် ဖြစ်ပွားမှုမှ ပြစ်မှုကျူးလွန်သူများကို မဖမ်းမိသေးဟုဆို


RangonNewsDaily:: October . 16 .2014
အောက် တိုဘာ၁၄ရက်၊ ညနေငါးနာရီခွဲ ခန့်က ရန်ကုန်မြို့လယ်ခေါင် သမ္မတ ရုံနှင့် ဘူတာကြီးအနီးတစ်ဝိုက်တွင် လူငယ်၅ဝခန့်နှင့် ဆိုက်ကားသမား တချို့ တစ်နာရီခွဲ နီးပါးကြာ တစ် ဖက်နှင့်တစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့မှု မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း မင်္ဂလာ တောင်ညွှန့်ရဲစခန်းမှ စခန်းမှူးဒုရဲ မှူးသန်းဦးက ဒီမိုကရေစီတူဒေးသို့ အတည်ပြုပြောကြားသည်။
ဒုရဲမှူးသန်းဦးက ''လောလော ဆယ် ကျွန်တော်တို့ ဆေးစာယူဖို့နဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေ တွေသိဖို့အတွက် ဆေးရုံကို သွား ကြည့်ရဦးမှာ။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ ဘယ်နှယောက် မှန်းမသိသေးဘူး။ လောလောဆယ် ဖမ်းဆီးရမိထားတဲ့သူတွေလဲ မရှိသေး ပါဘူး။ ဖြစ်တာကလဲ ဒဂုံမြို့နယ်ထဲ မှာဖြစ်တာ။ ဘာအမှုမှလဲ မဖွင့်ရသေး ဘူး''ဟု ပြောသည်။


အောက်တိုဘာ ၁၄ရက် ညနေ ၅နာရီခန့်က သမ္မတရုပ်ရှင်ရုံရှေ့ တွင် ဆိုက်ကားသမားနှစ်ဦးနှင့် ကိုယ် ပိုင်ယာဉ်တစ်စီးပေါ်မှ လူငါးဦးတို့ စတင်ရန်ဖြစ်ပွားရာမှ ယာဉ်ပေါ်ပါ လူ ငါးဦးက ဆိုက်ကားသမားနှစ်ဦး အား စတင်၍ ပုလင်းနှင့်ခေါင်းကို ရိုက်ခွဲရာမှ ရန်ပွဲမှာပိုမိုကြီးထွားလာ ကြောင်း၊ အရိုက်ခံရသူ ဆိုက်ကား သမားနှစ်ဦးမှာလည်း ဂိတ်မှ ဆိုက် ကားသမားများကို သွားရောက်ခေါ် ငင်ခဲ့ပြီး ယာဉ်ပေါ်ပါ လူငါးဦးကိုရိုက် နှက်ရာ ယာဉ်ပေါ်ပါ လေးဦးမှာထွက် ပြေးသွားပြီး ကျန်နှစ်ဦးမှာ သမ္မတရုံ ရှေ့တွင်ကျန်ခဲ့ရာမှ ၄င်းတို့နှစ်ဦးကို ဆိုက်ကားသမားများက မင်္ဂလာတောင် ညွှန့်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ယင်းဖြစ်ရပ်ကိုမြင်တွေ့သူ သမ္မတ ရုပ်ရှင်ရုံရှေ့တွင် မုန့်မျိုးစုံနှင့်ဆေးလိပ် ကွမ်းယာရောင်းချနေသည့် မျက်မြင် ကြုံတွေ့သူတစ်ဦးက ပြောသည်။

၎င်းက ''ရန်ပွဲက နှစ်နာရီနီးပါး လောက်ကြာတယ်။ ကိုယ်ပိုင်ယာဉ် နဲ့လာတဲ့သူက စုစုပေါင်း ခြောက် ယောက်၊ ကားသမားအပါအဝင်ပေါ့။ သိရတာကတော့ ကားအရမ်းမောင်း လို့ ဆိုက်ကားသမားတွေ စပြောရာ ကနေ ရန်ဖြစ်ကြတာလို့သိရတယ်။သမ္မတရုံရှေ့မှာ ဆိုက်ကားသမားနှစ် ယောက်ကို ပုလင်းနဲ့ခေါင်းရိုက်ခွဲလိုက် တယ်။ 


ဒါနဲ့ဆိုက်ကားသမားတွေက သူ့ဆိုက်ကားဂိတ်က လူတွေကိုခေါ် ပြီးတော့ ယာဉ်ပေါ်မှာပါတဲ့သူတွေ ကို တုတ်တွေ၊ ခဲတွေနဲ့ ရိုက်တော့ ကားပေါ်ပါတဲ့သူလေးဦး ထွက်ပြေး သွားကြတယ်။ ကျန်ခဲ့တဲ့နှစ်ဦးကို ဆိုက်ကားသမားတွေက တောင် ညွှန့်စခန်းကိုပို့လိုက်တယ်။ ဒါနဲ့နာရီ ဝက်လောက်လဲ ကြာရော၊ ကားနဲ့ပြေး သွားတဲ့ လေးယောက်အဖွဲ့က သူ့ လူတွေ လေးငါးဆယ်လောက်ခေါ် ပြီး ဆိုက်ကားသမားတွေကို တုတ် တွေ၊ ခဲတွေ၊ တခြားလက်နက်တွေ နဲ့လာရိုက်ကြတာ။ 

ထပ်ဖြစ်တာက တော့ ဘူတာကြီးရှေ့နားတစ်ဝိုက် မှာဖြစ်ကြတာ။ ထိခိုက်ဒဏ်ရာရသူ တွေအများကြီးပဲ။ အတိအကျတော့ မသိဘူး။ နှစ်နာရီနီးပါးလောက်ကြာ တယ်။ နောက်တော့မှ ရဲတွေရောက် လာတော့မှ လူတွေကြဲသွားကြတာ။ တချို့က ထွက်ပြေးသွားကြတယ်။ သမ္မတရုံရှေ့က ဆိုက်ကားသမားတွေ အခုရဲစခန်းမှာ ဒီကိစ္စကိုဖြေရှင်းနေ ကြတယ်''ဟု ၄င်းသိမြင်သမျှကိုပြော ပြသည်။

ယင်းနှင့်ပတ်သက်၍ အနောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဝင်းကြည်က ''ဖြစ်တာက ဒဂုံမှာဆို ပေမယ့် တောင်ညွှန့်မှာအမှုဖွင့်မယ် လို့သိရတယ်။ လောလောဆယ်ဆိုက် ကားသမားတွေကိုလဲ ရိုက်သွားတဲ့ သူတွေဟာ ဘယ်သူတွေလဲဆိုတာကို မေးမြန်းစုံစမ်းကြည့်ခိုင်းထားတယ်။ ပြစ်မှုကျူးလွန်သူ သုံးလေးဦးကိုပဲ ဘယ်သူ၊ ဘယ်ဝါဆိုတာသိသေးတယ်။အခုမှ စုံစမ်းနေတုန်းပဲရှိသေးတယ်'' ဟု ဒီမိုကရေစီတူဒေးသို့ပြောသည်။


Democracytoday , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment