Pages

Friday, October 17, 2014

သီလရှင်တစ်ပါးဆိုင်ကယ်ပေါ်မှပြုတ်ကျကွယ်လွန်မှုလှည်းကူး၌ဖြစ်ပွား

RangonNewsDaily:: October . 17 .2014
သီလရှင်တစ်ပါးဆိုင်ကယ်ပေါ်မှ ပြုတ်ကျကွယ်လွန်မှုအောက်တိုဘာ၁၄ ရက်နံနက်၉ နာရီခန့်က
လှည်းကူးမြို့နယ်ဒါးပိန်လမ်းမ၌ ဖြစ်ပွားခဲ့သည်။
သေဆုံးသူမှာပဲခူးမြို့ ဥဿာ မြို့သစ် ရွှေပြည်အေးကျောင်းတိုက်မှ ဒေါ်ဓမ္မစာရီ(ခ) ဒေါ်ချို (၆၈)
နှစ်ဖြစ်ပြီး၎င်းသည်မသုသိင်္ဂီ(ခ)မသဲအိမွန်ခုနစ်နှစ်၊မသိက္ခ(ခ)မနှင်းအိဝေငါးနှစ်တို့နှင့်အတူ
ဆိုင်ကယ်ကယ်ရီမောင်းထွန်းထွန်းဝင်း(ခ)စနေ(၂၇) နှစ် မောင်းနှင်လာသည့်၁၉ ယ/---
ဆိုင်ကယ်ဖြင့် ဆားတလင်းလမ်းဆုံမှ ဒါးပိန်ကျေးရွာသို့ ဒါးပိန်လမ်းမအတိုင်းစီးနင်းလိုက်
ပါ လာစဉ် မိုင်တိုင်အမှတ် ၁/၅ အရောက် နောက်ဆုံးမှထိုင်၍စီးလာသော ဒေါ်ဓမ္မစာ
ရီက 'မူးတယ်၊မူးတယ် 'ဟု ပြော၍ဆိုင်ကယ်ရပ်ပေးစဉ် ပြုတ်ကျသဖြင့်ဦးခေါင်းနောက်စေ့၊
ယာချိုစောင်းနှင့်ယာလက်ခုံတို့တွင် ပွန်းပဲ့၊ ဖူးရောင်ဒဏ်ရာများရရှိခဲ့
သဖြင့် ဒါးပိန်တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။
::
ယင်းသို့ သေဆုံးမှုဖြစ်ပွားခဲ့သဖြင့် ဆိုင်ကယ်ကယ်ရီမောင်းထွန်းထွန်းဝင်း(ခ)စနေအား
ဒါးပိန်နယ်မြေရဲစခန်းမှယာဉ်(ပ)၁၅/၂၀၁၄ ၊ ပြစ်မှုပုဒ်မ ၃၀၄ -က ဖြင့်အမှုဖွင့်ထားသည်။

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment