Pages

Saturday, October 11, 2014

တရုတ်နိုင်ငံ အနောက်မြောက်ဒေသ ရှန်းဇီ ပြည်နယ်တွင် ရထားလမ်းလုပ်ငန်းခွင် မြေပြို၊ ၁၉ ဦး သေဆုံး


RangonNewsDaily:: October . 11 .2014
တရုတ်နိုင်ငံ အနောက်မြောက်ဒေသ ရှန်းဇီ ပြည်နယ်မှာ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းအတွင်း မြေပြိုမှုဖြစ်ပြီး လူအနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားပါတယ်။
ည ၉ နာရီခွဲဝန်းကျင်မှာ မြေပြိုမှုကြောင့် အလုပ်သမားတွေ ယာယီ နေထိုင်နေတဲ့ ယာယီအိမ် ၈ လုံး ပြိုသွားတယ်လို့ ပြောပါတယ်။

အလုပ်သမား ၁၄ ယောက် နေရာမှာတင် သေဆုံးပြီး ၇ ယောက်ကို ဆေးရုံတင်ခဲ့ရပါတယ်။ ဆေးရုံမှာ နောက်ထပ် ၅ ယောက် သေဆုံးသွားပြီး ကျန်နှစ်ယောက်ကတော့ အသက်အန္တရာယ် မရှိတော့ဘူးလို့ ပြောပါတယ်။
::
ဟောင်လင်းမြို့နဲ့ ယန်အန်းမြို့ကို ဆက်တဲ့ ရထားလမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်ကို တရုတ် မီးရထားဌာန အမှတ် ၃ အုပ်စုက အကောင်အထည်ဖော်နေတာပါ။ နောက်ထပ် မြေပြိုမှုတွေ မဖြစ်ဖို့ အာဏာပိုင်တွေက မြေပြင် အခြေအနေတွေကို စစ်ဆေးနေပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment