Pages

Saturday, October 11, 2014

သီတင်းကျွတ် ဗျောက်အိုးခွဲ ဆော့ကစားရာမှ လူနေအိမ် မီးစက်ကူးလောင်

RangonNewsDaily:: October . 11 .2014
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မောက်တက်ကျေးရွာတွင် အောက်တိုဘာ ၉ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်အချိန်က သီးတင်းကျွတ် ဗျောက်အိုးဖောက် ဆော့ကစားရာမှ လူနေအိမ်တစ်လုံး မီးကူးစက် လောင်ကျွမ်းခဲ့သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက ပြောသည်။
“မီး စတင်လောင်ကျွမ်းခဲ့တဲ့ အခြေအနေက ဗျောက်အိုးခွဲ ဆော့ကစားတဲ့အခါ ဗျောက်အိုးက မီးဖိုခေါင်မိုးပေါ် ပြုတ်ကျပြီး သက္ကယ်စတွေကို မီးစွဲလောင်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် အသက် (၄၉)နှစ်အရွယ် ဦးပွဲအောင် ဆိုသူကို မောက္ကတော် နယ်မြေရဲစခန်းက (ပ)၅၅/၂၀၁၄ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားသည်။

Mizzima , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time