Pages

Saturday, October 11, 2014

မန္တလေးတိုင်းအတွင်း လျှပ်စစ် ခိုးသုံးသူများကို စိစစ်ရေးအဖွဲ့ဖြင့် စစ်ဆေးမည်

RangonNewsDaily:: October . 11 .2014
မန္တလေးတိုင်းအတွင်းတွင် လျှပ်စစ်မီးများကို မီတာခပေးဆောင်ခြင်း မရှိဘဲ ခိုးယူသုံးစွဲသည့် အရေအတွက် လျော့ကျသွားစေရေးအတွက် စိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးမှုများကို တိုးမြှင့်ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။
“လျှပ်စစ်မီး စက်မှုလုပ်ငန်းတွေမှာ အသုံးပြုတာကို သတ်မှတ်မီတာတွေကို မဆောင်ဘဲ ခိုးယူသုံး စွဲနေတာ၊ တိုက်ရိုက်ချိတ်ဆက် သုံးစွဲနေတာတွေကို အဖွဲ့ဖွဲ့ပြီး စိစစ်သွားမယ်။ တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု ဝန်ကြီးက ပြောသည်။
မန္တလေးခရိုင်အတွင်း လျှပ်စစ်မီတာခ ခိုးယူသုံးစွဲသည့် ဖြစ်စဉ်များအတွက် အရေးယူမှုဆောင်ရွက်ရာတွင် ခိုးယူသည့် အရေအတွက်မှာ များပြားသော်လည်း သုံးပုံတစ်ပုံခန့်သာ ဖမ်းဆီးရမိသည်ဟုဆိုသည်။ ဖမ်းဆီး ရမိမှုနည်းခြင်းနှင့် ခိုးယူသုံးစွဲခြင်းများမှာ နိုင်ငံပိုင်ပစ္စည်းကို အလွဲသုံးစားပြုလုပ်သည့် ပြစ်မှုဖြင့် အရေးယူ ဆောင်ရွက်နိုင်သည်ကို ခိုးယူသုံးစွဲသူများ သိရှိမှုအားနည်းနေသဖြင့် ယခုကဲ့သို့ စိစစ်ရေးအဖွဲ့ပြီး စစ်ဆေးမှု တိုးမြှင့်ခြင်းဖြစ်သည်။“
::
“ညဆယ်နာရီနောက်ပိုင်း စက်မှုလုပ်ငန်းတွေမှာ ချိတ်ဆက်အသုံးပြုရင် သတ်မှတ်မီတာခအတိုင်း ပေးဆောင်တာတွေ ရှိ၊ မရှိကို စစ်ဆေးမယ်။ တွေ့ရှိတာနဲ့ အရေး ယူမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စများအပြင် ညပိုင်းမီတာ ခိုးယူသုံးစွဲခြင်း မရှိစေရေးအတွက် ရှောင်တခင် စစ်ဆေးခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးမှုပြုလုပ်ရာတွင်လည်း ပူးပေါင်းအဖွဲ့များဖြင့် လုပ်ဆောင်မည်ဖြစ် သောကြောင့် လာဘ်ပေးလာဘ်ယူ ပြုလုပ်၍ ခိုးယူသုံးစွဲမှုမျိုးလည်း လုပ်ဆောင်နိုင်မည် မဟုတ်ဟုဆိုသည်။
::
အဆိုပါ စစ်ဆေးမှုများကို လစဉ်ဆက် တိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများက လျှပ်စစ်မီတာခိုးယူ သုံးစွဲသည်များကို တွေ့ရှိလျှင် သက်ဆိုင်ရာ လျှပ်စစ်ဓာတ် အားပေးဝေရေးရုံးနှင့် ဝန်ကြီးဌာနသို့ တိုက်ရိုက် တိုင်ကြားနိုင်သည်ဟု ပြောသည်။“
::
ယင်းကဲ့သို့သော ကိစ္စရပ်များအပြင် သက်ဆိုင်ရာကျွမ်းကျင်အဖွဲ့များနှင့် ပူးပေါင်း၍ လျှပ်စစ်မီတာ လေလွင့်ခြင်းမရှိစေရေးနှင့် ပြည်သူများ လိုအပ်သည်များ တင်ပြနိုင်ရေးအတွက် ဝက်ဘ်ဆိုက်တစ်ခုကို မကြာမီ အသုံးပြုနိုင်တော့မည်ဟု ဆိုသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment