Pages

Saturday, October 11, 2014

သုံးခွမြို့နယ်တွင် လေပြင်းတိုက်ခတ်သဖြင့် တဲအိမ်များပျက်စီး



RangonNewsDaily:: October . 11 .2014
၉.၁၀.၂၀၁၄ရက်နေ့ ၀၂၀၀ အချိန်မှ ၀၄၀၀အချိန်အထိ သုံးခွမြို့နယ်၊ သမစိတ္တ
ကျေးရွာအုပ်စု၊ ဆားတလင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် အဆိုပါ
ကျေးရွာ၊ ပင်လယ်ကမ်းစပ်အနီးရှိ ရေလုပ်သားများနေထိုင်သောတဲအိမ်များပျက်စီး
သွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လေပြင်းတိုက်ခတ်ခဲ့သဖြင့် ဆားတလင်းကျေးရွာ ပင်လယ်ကမ်းစပ်အနီး
တွင်နေထိုင်သော ဦးလှထွေး၏ ဓနိမိုး၊ဓနိကာ တဲအပါအဝင်တဲ (၇)လုံးမှာ ပြိုကျပျက်စီးကာ ရေထဲသို့မျောပါသွားခဲ့ပြီး မွေးမြူထားသောဝက်(၄)ကောင်မှာ လည်း ပျောက်ဆုံးသွားခဲ့ကြောင်း၊ ၎င်းအပြင် ဦးမြင့်ဦး ၏ဓနိမိုးဓနိကာတဲအပါအဝင် တဲ(၃၂)လုံးမှာ အမိုးအကာများပျက်စီးသွား
ခဲ့ကြောင်းနှင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။


အဆိုပါ လေပြင်းတိုက်ခတ်သဖြင့် ပျက်စီးဆုံးရှုံးသွားခဲ့သော တဲအိမ်စုစုပေါင်း (၃၉)လုံးတို့တွင် နေထိုင်ကြသည့် လူဦးရေ(၁၇၁)ဦးတို့အား သုံးခွမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အဖွဲ

့၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် 
ဆန်၊ ခေါက်ဆွဲခြောက်၊ ရေသန့် စသည်များထောက်ပံ့ပေးခဲ့ကြောင်း၊ လေဘေးသင့်ပြည်
သူများသည် ကျေးရွာ အတွင်းရှိ ၎င်းတို့၏ဆွေမျိုးမိတ်ဆွေများထံသို့ ပြောင်းရွှေ့နေထိုင်
လျက်ကြောင်း သတင်းရရှိ သည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment