Pages

Saturday, October 11, 2014

သေဆုံးသွားသောမြန်မာ လေယာဉ်မှူး၏ ကျန်ရစ်သူမိသားစုကို တစ်သက်တာထောက်ပံ့

RangonNewsDaily:: October . 11 .2014
 သေဆုံးသွားသော မြန်မာလေယာဉ်မှူး၏ ကျန်ရစ်သူမိသားစုများကို ထူးဖောင်ဒေးရှင်းက တစ်သက်တာ ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်သည်။
အဆိုပါထောက်ပံ့မှုအဖြစ် မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးကို ရည်စူးပြီး ထူးဖောင်ဒေးရှင်း နာယက ဦးတေဇက ရွာလေးရွာတွင် စာသင်ကျောင်း (၄) ကျောင်းနှင့် ဆေးခန်း (၁) ခန်း ဆောက်လုပ်လှူဒါန်းရန် စီစဉ်လျက်ရှိသည်။
ထို့ပြင်ကပ္ပတိန် ဦးအောင်မြတ်တိုး၏ လက်ရှိခံစားလျက်ရှိသော လစာငွေကို ကျန်ရစ်သူ ကပ္ပတိန် ဦးအောင်မြတ်တိုး၏ ဇနီးကို တစ်သက်တာအတွက် ဆက်လက်ပေးအပ် ခံစားခွင့်ပြုမည်ဟုဆိုသည်။
::
ယင်းလေယာဉ်မှူး၏ ကျန်ရစ်သည့် သားငယ်အတွက် ပြည်တွင်း၊ ပြည်ပတို့တွင် ပညာရေးဆုံးခန်းတိုင်သည် အထိ ထူးဖောင်ဒေးရှင်က တာဝန်ယူထောက်ပံ့ပေးသွား မည်ဖြစ်ပြီး ဇနီးနှင့်သားအတွက် ကျန်းမာရေး ကိစ္စအ၀၀ကို တာဝန်ယူမည်ဖြစ်သည်။
အဆိုပါကပ္ပတိန် ဦးအောင်မြတ်တိုး၏ ကျန်ရစ်သော မိသားစုဝင်များဖြစ်သည့် ဇနီးနှင့်သားက လိုအပ်သော ကိစ္စအ၀၀ကို ထူးဖောင်ဒေးရှင်းသို့ အချိန်မရွေး အကြောင်းကြားနိုင်ပြီး ထူးဖောင်ဒေးရှင်းက အမြဲအကူအ ညီပေးသွား မည်ဟုဆိုသည်။
::
ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံး B4 ရဟတ်ယာဉ်နှင့်အတူ လိုက်ပါသွားသည့် မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးမှာ တောတွင်းတစ်နေရာတွင် ကွယ်လွန်နေသည်ကို အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီက ထူးဖောင်ဒေးရှင်း၏ ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့သည်။
::
၎င်းရဟတ်ယာဉ် မတော်တဆ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရန် အသေးစိတ် အချက်အလက များ လိုအပ်နေသော်လည်း ယင်းအချက်အလက်များကို ပြောနိုင်သူမှာ လက်
ရှိဆေးကုသမှု ခံယူနေရသည့် ထိုင်းရဟတ်ယာဉ်မှူးနှင့် တောနက်အတွင်း ကယ်ဆယ်ရေးအဖွဲ့နှင့် အတူရှိနေသော ဦးရွှေရင်တော်ကြီးတို့ ဖြစ်ကြောင်း၊ ထို့ကြောင့် မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်မဖော်ပြနိုင်သေးသည်ကို နားလည်ပေးပါရန်နှင့် မကြာမီအချိန်တွင် ထူးဖောင်ဒေးရှင်းမှ သတင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆိုသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment