Pages

Saturday, October 11, 2014

စာပေနိုဘယ်ဆုကို ပြင်သစ်စာရေးဆရာ ပက်ထရစ်မိုဒီယန်နို ဆွတ်ခူး


RangonNewsDaily:: October . 11 .2014
စတော့ဟုမ်းတွင် ဆွီဒင်အကယ်ဒမီက ကြေညာခဲ့ရာ၌ မစ္စတာ မိုဒီယန်နို၏ စာပေလက်ရာများတွင် လူသားတို့၏ ဖမ်းဆုပ်ရန် အခက်ခဲဆုံးသော ဘဝကံကြမ္မာများ ပေါ်လွင်လာအောင် ဖန်တီးရေးသားနိုင်စွမ်းကို ဖော်ပြခဲ့သည်။ 
ယခင်နှစ်များက စာပေနိုဘယ်ဆု ရရှိခဲ့ကြသူများမှာ ၂၀၁၃ ခုနှစ်တွင် ကနေဒါ ဝတ္တုတိုသမား အလိုက်စ် မွန်ရို ၊ ၂၀၁၂ ခုနှစ်တွင် တရုတ် ဝတ္ထုရှည် စာရေးဆရာ မို့ယန် Mo Yan၊ ၂၀၁၁ ခုနှစ်တွင် ဆွီဒင် ကဗျာဆရာ တောမတ်စ်ထရန်စထော်မာ နှင့် ၂၀၁၀ ခုနှစ်တွင် ပီရူးစာရေးဆရာ မာရီယိုဗာဂတ်စ်လိုဆာတို့ ဖြစ်ကြသည်။

မိုဒီယန်နိုကို မိခင်ဖြစ်သူ ဘယ်လ်ဂျီယံ ရုပ်ရှင်မင်းသမီး နှင့် ဂျူးအီတာလျံ ဖခင်တို့က ၁၉၄၅ ခုနှစ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူငယ်စဉ်ဘဝတွင် ဖခင်ဖြစ်သူမှာ အဝေးသို့ ရောက်ရှိနေလေ့ ရှိခဲ့သည်။ မိုဒီယန်နိုသည် ၁၉၆၈ခုနှစ်တွင် သူ၏ ဝတ္ထု “La Place de L’Etoile” နှင့် စတင်နာမည်ကျော်ကြားလာခဲ့သည်။
::
သူ၏ ဝတ္ထုအများအပြားမှာ ဒုတိယကမ္ဘာစစ်အတွင်း နိုင်ငံသားများ ကြုံတွေ့ရသော စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းများ အကြောင်း ရေးသားဖွဲ့ဆိုထားခြင်းဖြစ်ကာ အချို့ဇာတ်လမ်းများမှာ စုံထောက်ဇာတ်လမ်း အမျိုးအစားဖြစ်သည်။ သူ၏ စာပေလက်ရာ အများအပြားမှာ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခြင်း ခံခဲ့ရသော်လည်း၊ ဥရောပ ပြင်ပတွင်မူ မထင်ရှားလှပေ။
::
အသက် ၆၉ နှစ် အရွယ် မိုဒီယန်နိုမှာ ပြင်သစ်တွင် မွေးဖွားခဲ့သော ၁၁ဦးမြောက် နိုဘယ်ဆုရ စာရေးဆရာဖြစ်သည်။ စာပေနိုဘယ်ဆုမှာ စာအုပ်တစ်အုပ်တည်းအတွက် ပေးခြင်းမျိုး မဟုတ်ဘဲ၊ စာပေသက်တမ်းတစ်လျှောက်လုံးကို အကဲဖြတ်၍ ချီးမြှင့်ခြင်း ဖြစ်သည်။

The New York Times ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment