Pages

Saturday, October 11, 2014

မြန်မာလုပ်သားနှစ်ဦးကိစ္စ ရန်ကုန်မြို့ နှစ်နေရာတွင် ဆန္ဒပြ

RangonNewsDaily:: October . 11 .2014
ဗြိတိန်စုံတွဲအသတ်ခံရမှုဖြင့် တရားခံဟုစွပ်စွဲခံရသော မြန်မာလုပ်သားနှစ်ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မြန်မာလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဦးနေမျိုးဇင်က ရန်ကုန်မြို့၌ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး အချက်နှစ်ချက်တောင်းဆိုခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ဦးနေမျိုးဇင်သည် မဟာဗန္ဓုလပန်းခြံရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ပြီး ထိုင်းနိုင်ငံသံရုံးသို့ သွားရောက်ဆန္ဒပြရာ ရဲတပ်ဖွဲ့က ထိုင်းသံရုံးရှိရာ မနော်ဟရီလမ်းထိပ်တွင် ပိတ်ဆို့တားဆီးခဲ့သည်။ ထိုသို့ ပိတ်ဆို့တားဆီးသောကြောင့် ပြည်လမ်းတစ်လျှောက်၌ ကားဖြင့် လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
::
တောင်းဆိုသည့်အချက်နှစ်ချက်မှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့က မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် မတရားဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ရပ်တန့်ပေးရန်နှင့် မြန်မာလုပ်သားနှစ်ဦးအား စွဲချက်တင်ထားမှုကို အမြန်ဆုံး ပြန်လည်စိစစ်ပေးရန် ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာသမ္မတတို့အား တောင်းဆိုသည့်အချက်နှစ်ချက်ဖြစ်သည်။


7day Daily ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment