Pages

Saturday, October 11, 2014

ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့တွင် ရေဝေးသုသာန်ကဲ့သို့ သုသာန်ကြီးတစ်ခု စတင်တည်ဆောက်မည်

RangonNewsDaily:: October . 11 .2014
ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့၏ လူဦးရေတိုးတက်မှုနှင့် ဖွံ့ဖြိုးလာမည့် အခြေအနေများကိုမျှော်မှန်း၍ ရေဝေးသုသာန်ကဲ့သို့ သုသာန်ကြီးတစ်ခုကို ယခုဘဏ္ဍာနှစ်မှ စတင်တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
အဆိုပါသုသာန်အား လက်ရှိအသုံးပြုနေသော ဒလသုသာန်ဟောင်းကို ဖျက်သိမ်း၍ ယင်းနေရာတွင် အသစ်တည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။

“ဒီသုသာန်ဆောက်ဖို့ မနှစ်က ဘတ်ဂျက်တင်ထားခဲ့တာပါ။ ဒီဘဏ္ဍာနှစ်ထဲမှာ စဆောက်မယ်။ နှစ်နှစ်စီမံကိန်းနဲ့ပါ။ ဆောက်မယ့်ပုံစံက ရေဝေးတို့၊ လှိုင်သာယာက ထိန်ပင်သုသာန်တို့လိုမျိုးပါ။ ခရစ်ယာန်၊ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာဝင်တွေ အတွက်ပါ။ သင်္ဂြိုလ်လို့ရမယ့်နေရာတွေ ပါဝင်ပါမယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

::
လက်ရှိဒလသုသာန်ဟောင်းတွင် တစ်နေ့သေဆုံးသူဦးရေ ၂၅ ဦးမှ ၃ဝ ခန့်အထိကို သင်္ဂြိုလ်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

ထို့ပြင် လာမည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင်လည်း ဆိပ်ကြီးခနောင်တိုနှင့် ဆိပ်ကြီး(ကြည့်မြင်တိုင် တစ်ဖက်ကမ်း) သုသာန်ငယ်များကိုလည်း အဆင့်မြှင့်တင်ရန် စီစဉ်ထားကြောင်း သိရသည်။
::
ရန်ကုန်မြို့တွင် လက်ရှိသုသာန်ခုနစ်ခုရှိပြီး သုသာန်ကြီးများ အနေဖြင့် ရေဝေး၊ ထိန်ပင်တို့သာရှိပြီး ကျီစု၊ ကျူချောင် (ရွှေပြည်သာ)၊ ဆိပ်ကြီးခနောင်တို၊ ဆိပ်ကြီး (ကြည့်မြင်တိုင်တစ်ဖက်ကမ်း) တို့မှသာ သုသာန်ငယ်များသာဖြစ်ကြောင်း သိရသည်။

Eleven Media ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment