Pages

Sunday, October 12, 2014

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲ သဝေါဒေသတွင် နယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲ့နှင့် DKBA တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

RangonNewsDaily:: October . 11 .2014
ကော့ကရိတ် အောက်တိုဘာ ၁ဝ- ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲ သဝေါဒေသတွင် အောက်တိုဘာ ၁ဝရက်နေ့ နံနက်ပိုင်းက နယ်ခြား စောင့်တပ်ပူးပေါင်းအဖွဲ့ဝင်များနှင့် DKBA တပ်ဖွဲ့ဝင်များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''ဒီနေ့ကော့ကရိတ်မှာ မနက် ပိုင်းပစ်ခတ်မှုတွေဖြစ်နေတဲ့ တစ်ချိန် တည်းမှာပဲ မဲသဝေါဒေသမှာDKBA နဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းအ ဖွဲ့တွေ အပြန်အလှန် ထိတွေ့ပစ် ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကျွန် တော်တို့နဲ့ DKBA လက်အောက်ခံ KKO တပ်ရင်းနဲ့ DKBA ဗိုလ်ပိ လက်အောက်ခံ စောစထူးကော်နဲ့ စောရဲချစ်ဦးစီးအဖွဲ့တွေနဲ့ ဖြစ်တာ ပါ။ KKO ဘက်က ၂ဦး ထိခိုက်ဒဏ် ရာရသွားတယ်''ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြမ်းဖက် နှိမ်နင်းရေးတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။
::
နယ်ခြားစောင့်တပ် အမှတ် (၁ဝ၁၂)တပ်ရင်းနှင့် တပ်မတော် ပူး ပေါင်းလုံခြုံရေးယူထားသော မဲသ ဝေါလမ်းပေါ်ရှိ ရင်းပိုင်တံတား အား အောက်တိုဘာ ၁ဝရက်နေ့ နံနက် ၁၁နာရီ ၅ဝမိနစ်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ ၂နာရီခွဲတွင် တစ်ကြိမ် DKBA စောစထူးကော် နှင့်စောရဲချစ်ဦးစီးအဖွဲ့မှ လက်နက် ကြီးဖြင့် လာရောက်ပစ်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် အောက်တိုဘာ ၁ဝရက် နံနက် ၁ဝနာရီခန့်တွင် ဗိုလ်မှူးကျော်သက် ဦးစီးသော DKBA ကလို့ထူးဝါးဗျူဟာမှတပ် ဖွဲ့ဝင်များနှင့် ကော့ကရိတ်မြို့ရှိ စစ် ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား ကော့ကရိတ် မြို့အထွက်ရှိ ကောင်းမှုကျေးရွာ အနီးတွင် ပစ်ခတ်မှုများဖြစ်ပွား ခဲ့ကြောင်း သိရသည်။
::
'' DKBA တပ်ဖွဲ့ဝင်တွေရဲ့ ဆွေမျိုးအိမ်တွေကို စစ်တပ်က ဝင် ရောက်ရှာဖွေစစ်ဆေးရာကနေ ပစ် ခတ်မှုတွေ စဖြစ်တယ်လို့ ကြား ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နယ် ခြားစောင့်တပ် လုံခြုံရေးယူထား တဲ့နယ်မြေထဲမှာ DKBA တပ်ဖွဲ့ တစ်ဖွဲ့က ဝင်ရောက်တပ်စွဲထား တယ်ဆိုတဲ့ကိစ္စနဲ့ ဒီနေ့ထပ်ဖြစ်
တဲ့ ပစ်ခတ်မှုကိစ္စတွေကို အသေးစိတ် လေ့လာသွားမှာဖြစ်ပါတယ်။ DKBA စစ်ဦးစီးချုပ်ကတော့ အောက်ခြေ တပ်တွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ညွှန်ကြားထားပါတယ်''ဟု မြဝတီ မြို DKBA ဆက်ဆံရေးရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
::
ပစ်ခတ်မှုကြောင့် ကော့က ရိတ်မြို့ကားကွင်းတွင် မြဝတီအတက် ကားများရပ်ထားရကြောင်း၊ ကောင်း မှုကျေးရွာအနီးတွင် ကော့ကရိတ်-မြဝတီကားလမ်းအား ပိတ်ထားရ ကြောင်း သိရသည်။

ဒီမိုကရေစီ တူဒေး ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment