Pages

Sunday, October 12, 2014

ရဲတပ်ဖွဲ့ မီဒီယာဌာန ရန်ကုန်တွင် ထောင်ရန်စီစဉ်

RangonNewsDaily:: October . 11 .2014
 မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးဌာနတစ်ခု ရန်ကုန်မြို့တွင် ထူထောင်နိုင်ရေး သတင်းမီဒီယာအဖွဲ့ အစည်းတို့နှင့် ဆွေးနွေးသွားမည်ဟု ဥရောပသမဂ္ဂ(အီးယူ) နှင့် သင်တန်းပို့ချမှုများ တွဲဖက်လုပ်ဆောင် နေသည့် GIZ International Services rS Karin Diana Deckenbach က အီးမေးမှ တစ်ဆင့် အသိပေးသည်။
ယင်းသည် ဥရောပသမဂ္ဂ(အီးယူ)၏ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဖြစ်သည့် ပြည်သူ့ဗဟိုပြု ရဲ လုပ်ငန်းစဉ်နှင့် လူစုလူဝေးစနစ်တကျ ထိန်းသိမ်းမှုအပိုင်းများအတွက် အထောက်အကူပေးမည့် လုပ်ငန်း စဉ်ဟုဆိုသည်။

ရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာတို့အကြား လုပ်ငန်းသဘောဆက်ဆံမှု ကောင်းမွန်ရန် လိုအပ်ချက်နှင့် အကျိုး ဖြစ်ထွန်းမှုတို့ကို နှစ်ဖက် အဖွဲ့အစည်း တို့က အတူတကွ ဆွေးနွေးသွားရန် ရည်ရွယ်ထားသည်ဟု GIZ က ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးချုပ် သူရဘိုနီက “သတင်းမီဒီယာနဲ့ ရဲတပ်ဖွဲ့ ဆက်ဆံ ရေးပြေပြစ်ဖို့ သင်တန်းပေးနေတယ်” ဟု ပြောသည်။

ရဲ လုပ်ငန်းများကို ပြည်သူကို အသိပေးရန်၊ ပဋိပက္ခ၊ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် အမုန်းတရား၊ အမုန်း စကား မတူညီခြင်း အကြောင်းတရားများကို နားလည်စေရေး ဖြစ်ရပ်မှန်များ ထုတ်ပြန်ရန် မီဒီယာနှင့် ရဲတပ်ဖွဲ့တို့၏ အခန်းကဏ္ဍများ ဆွေးနွေးရန် GIZ က စီစဉ်ထားသည်။

“သတင်းထောက်တွေ သတင်းဖော်ပြတယ်ဆိုတာ ဌာနကို ကိုယ်စားပြုပြီးဖော်ပြ တာမဟုတ်ဘဲ ပြည်သူကို ကိုယ်စားပြုတဲ့ အတွက် ရဲတပ်ဖွဲ့က သတင်းမီဒီယာတွေကို သတင်းပေးတာကလည်း သူတို့အဖွဲ့အစည်း အကြောင်း ပြည်သူကို အသိပေးတာ ဖြစ်တယ်ဆိုတာကို နားလည်ဖို့လိုအပ်မယ်” ဟု မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) ဦးကျော်မင်းဆွေက ပြောသည်။

ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၈ နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်၌ ပြုလုပ်မည် ဖြစ်သည်။

Mizzima , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment