Pages

Sunday, October 12, 2014

မသန့်ရှင်းသည့် စားသောက်ကုန်ပြဿနာအတွက် ထိုင်ဝမ်ကုမ္ပဏီအကြီးအကဲ ရာထူးမှနုတ်ထွက်

RangonNewsDaily:: October . 11 .2014
အရောင်းဆိုင်နှင့် စူပါမားကတ်များမှ မသန့်ရှင်းသော စားသောက်ကုန် တန်ချိန်ရာပေါင်းများစွာ ပြန်လည် ဖယ်ရှားခဲ့ရမှုတွင် ၎င်း၏ ကုမ္ပဏီနှင့် သက်ဆိုင်ခဲ့မှုနှင့်ပတ်သက်၍ ထိုင်ဝမ်အစားအစာ ကုမ္ပဏီအကြီးအကဲ ဝေယင်ချွန်းသည် အောက်တိုဘာ၉ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း သိရသည်
။ဝေယင်ချွန်းသည် လူကြိုက်များသော Master Kong တံဆိပ် အသင့်စား ခေါက်ဆွဲခြောက်ထုပ်ကုမ္ပဏီဖြစ်သော ထိုင်ဝမ် အစားအစာ ထုတ်လုပ်ရေးကုမ္ပဏီကြီး Ting Hsin မှ ဝေချွန်း စားသောက်ကုန်ကော်ပိုရေးရှင်း၏ ဥက္ကဌ ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"မသန့်ရှင်းတဲ့ အစားအစာတွေ တွေ့ရှိလာရတဲ့အပေါ်မှာ ကျွန်တော်တို့ ကုမ္ပဏီနဲ့ ပတ်သက်နေလို့ အလွန်ဝမ်နည်းမိပါတယ်။ ကိုယ့်ကိုလည်း အပြစ်တင်မိပါတယ်။ ဒီပြဿနာဟာ ကုန်ကြမ်းတွင်သွင်း သူတွေကြောင့် ဖြစ်ရပေမယ့် အခြေခံအကြောင်းရင်းကို ထိရောက်စွာ ကိုင်တွယ် မဆောင်ရွက်နိုင်ခဲ့ တဲ့အတွက် တောင်းပန်ပါတယ်"ဟု ကုမ္ပဏီကထုတ်ပြန်သောအစီရင်ခံစာတွင်ပြောကြားထားသည်။


ထို့ပြင် ဝေသည် Ting Hsin Oil and Fat ကုမ္ပဏီ အကြီးအကဲ ရာထူးများမှလည်း နှုတ်ထွက်ခဲ့သည်။
တိရိစ္ဆာန်အစားအစာများထုတ်လုပ်ရာတွင် အသုံးပြုသော ဆီများပါဝင်သည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် ဟင်းရွက်ဆီ၊ ဟင်းချက်ဆီ၊၀က်ဆီအမျိုးအစား ၆၀ ကျော်ကို ပြန်လည်သိမ်းဆည်းရန်အာဏာပိုင်များက အောက်တိုဘာ ၉ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။


ပြီးခဲ့သည့်လဖြစ်ပွားခဲ့သော မသန့်ရှင်းသော ဆီများမှ ထုတ်လုပ်ထားသော ထုတ်ကုန်များကို ဖယ်ရှားခဲ့သော ကုမ္ပဏီများတွင် ဝေချွန်းကုမ္ပဏီလည်း ပါဝင်ခဲ့သည်။


Mizzima , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment