Pages

Friday, September 12, 2014

ရခိုင်ပြည်နယ်တွင် MSF ၏ လုပ်ငန်းများ ပြန်လည် စတင်တော့မည်

RangonNewsDaily:: September . 12 .2014
ရခိုင်ပြည်နယ်တွင် လုပ်ကိုင်နေသော နယ်စည်းမထား ဆရာဝန်များ အသင်း (MSF) ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။ရခိုင်ပြည်နယ် အပါအ၀င် ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ဟော်လန်နိုင်ငံ အခြေစိုက် နယ်စည်းမထား ဆရာဝန်များ အသင်း MSF-Holland (AZG)နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့ ယခုလ (၈) ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အဲဒီ သဘောတူညီမှုကို အပြည်အ၀ အကောင်အထည် ဖော်ဖို့နဲ့ ရခိုင်ပြည်နယ် အတွင်းမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ကျန်းမာရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်း လုပ်ဆောင် နိုင်ဖို့ အချိန်မရွေး အဆင်သင့်ဖြစ်နေ ပါတယ်။

အခုလို လက်မှတ်ရေး လိုက်ခြင်းကြောင့် ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို စောလျင်စွာ ပြန်စနိုင်ဖို့နဲ့ ဒေသခံ လူမှု အဖွဲ့အစည်းတွေနဲ့ လက်တွေ့ ညှိနှိုင်း ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ရလာ လိမ့်မယ်လို့ မျှော်လင့်ပါတယ် ဟု နယ်စည်းမထား ဆရာဝန် များအသင်းမှ တာဝန်ရှိသူ တစ်ဦးက The Messenger Media သို့ ပြောကြားသည်။

အဆိုပါ လက်မှတ်ရေး ထိုးလိုက်သည့်
 စီမံကိန်းသည် နှစ်နှစ်ကြာ စီမံကိန်း တစ်ခုဖြစ်ကာ အမေရိကန် ဒေါ်လာ (၂၉ ဒသမ၇) သန်းဖြင့် HIV၊ တီဘီနှင့် ငှက်ဖျားရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ကိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများတွင် ရခိုင် တိုင်းရင်းသားများ၏ ဆန္ဒကို အလေးထားလျက် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) အား ဖိတ်ခေါ်ထားကြောင်း ကျန်းမာရေး ၀န်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရ တို့က ဇူလိုင်လ (၂၄) ရက်နေ့ တွင် နိုင်ငံပိုင် သတင်းစာများ၌ ကြေညာခဲ့သည်။

ထိုကဲ့သို့ကြေညာပြီးနောက် MSF နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက MSF အား ရခိုင်ပြည်နယ်တွင် ပြန်လည် လုပ်ကိုင်ရန် ဖိတ်ခေါ်သော ရခိုင်ပြည်နယ် အစိုးရ၏ တာဝန်သာ ဖြစ်ကြောင်း ဇူလိုင်လ (၂၅) ရက်နေ့က ရခိုင်တိုင်းရင်းသားများက ထုတ်ပြန်ခဲ့ရာ ပြည်နယ် ၀န်ကြီးချုပ် က ပြန်လည် တောင်းပန်ခဲ့သည်။


ကျွန်တော်တို့က အစိုးရ လက်ခံလို့သာ လက်ခံရတာ။ လက်မခံဘူး ဆိုရင်လည်း အစိုးရနဲ့ ထိပ်တိုက်တွေ့ ရမှာကိုး။ ကျွန်တော်တို့က မကြိုက်ဘူး ဆိုရင်လည်း မကြိုက်ဘူး ဆိုတာကို ဖော်ပြရုံပဲရှိတယ်။ လုပ်တာ မလုပ်တာကတော့ သူတို့ အပိုင်းပေါ့။ 


ဒါပေမဲ့ ကျွန်တော်တို့ တောင်းဆို ထားတာ တစ်ခုရှိ တယ်။ MSF ၀င်လာရင်လည်း မြို့မိမြို့ဖ တွေနဲ့ ညှိနှိုင်းပြီးမှ ပေးဖို့ပါ ဟု စစ်တွေ မြို့မိ မြို့ဖ တစ်ဦး ဖြစ်သူ ဦးသာပွင့်က ပြောသည်။ နယ်စည်းမထား ဆရာဝန်များ အဖွဲ့သည် ရခိုင်ပြည်နယ်တွင် လုပ်ငန်း ဆောင်ရွက်ရာ၌ ဘက်လိုက်မှုများရှိ နေသည်ဟု ဆိုကာ ရခိုင် တိုင်းရင်းသားများက ကန့်ကွက်ခဲ့ကြ သည်။

Messenger News  , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment