Pages

Friday, September 12, 2014

အရှေ့အလယ်ပိုင်း ဖျော်ဖြေပွဲ အတွက် လေဒီဂါဂါ ပထမဆုံး အကြိမ် ဒူဘိုင်းသို့ ရောက်ရှိ


RangonNewsDaily:: September . 12 .2014
နယူးယော့ခ်၊ စက်တင်ဘာ ၁၀။ ပေါ့ပ် ကြယ်ပွင့် လေဒီဂါဂါသည် ၎င်း၏ ပထမဆုံး အရှေ့အလယ်ပိုင်း ဖျော်ဖြေပွဲအတွက် စက်တင်ဘာ ၈ ရက်က အာရပ် စော်ဘွာများ ပြည်ထောင်စုသို့ သွားရောက် ခဲ့သည်။ ယင်းသို့ သွားရောက်ရာတွင် ဂါဂါသည် ကျောက်မျက်များဖြင့် တန်ဆာဆင်ထားသည့် ရွှေရောင် ဂါဝန်ကို ၀တ်ဆင်ထားသည်။
၎င်းသည် စက်တင်ဘာ ၁၀ ရက်ညတွင် Meydan Racecourse မြင်းပြိုင်ကွင်းတွင် ၎င်း၏ art RAVE: The ARTPOP Ball Tour ဖျော်ဖြေပွဲ ပွဲဦးထွက် တင်ဆက်သွားမည် ဖြစ်သည့်အပြင် ၎င်းသည် အမှတ်တရ လက်မှတ်ရေးထိုးခဲ့ကာ ပရိသတ်များနှင့်အတူဓာတ်ပုံ ရိုက်ခဲ့ကြသည်။ ၎င်း၏ ပရိသတ်များက ၎င်းအား နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ပရိသတ်များက လေဆိပ်တွင် နှစ်လိုဖွယ်ကောင်းလောက်အောင် များပြားခဲ့မှုကြောင့် "ပရိသတ် တွေရဲ့ ကြိုဆိုမှုကြောင့် ကျွန်မ အရမ်းကို တုန်လှုပ်သွား မိတယ်။ အရှေ့အလယ်ပိုင်း ဒေသမှာ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ဟာ ကျွန်မရဲ့ အိပ်မက်ပါ။ နောက်ဆုံးတော့ ဒီအိပ်မက်က တစ်ကယ် ဖြစ်လာခဲ့ပါပြီ"ဟု ၎င်းက လူမှုရေး မီဒီယာ ပေါ်တွင် ဓာတ်ပုံများမျှဝေကာ ရေးသားခဲ့သည်။ 


"ဒူဘိုင်းကို ရောက်တဲ့ အချိန်မှာ ကျွန်မအတွက် စိတ်ပျက်စရာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ သူတို့ရဲ့ ကြိုဆိုမှုတွေက တစ်ကယ့်ကို နွေးထွေးပါတယ်"ဟု အသက် ၂၈ အရွယ်ရှိ ဂါဂါက ပြောကြားခဲ့သည်။ 

ဂါဂါသည် ဒူဘိုင်းတွင် ပရိသတ်များနှင့် တွေ့ဆုံရာ ၌ ဘော်ကြယ်များနှင့် ကျောက်မျက်များ ခြယ်သထားသော ရွှေရောင်ဂါဝန်နှင့် ရင်သပ်ရှုပ်မော ဖွယ်ကောင်းအောင် လှပနေသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment