Pages

Friday, September 12, 2014

မထသ (၃၁) ဘတ်(စ်) ကားလိုင်းမှ အမျိုးသမီး သီးသန့်ယာဉ် ပြေးဆွဲမည်

RangonNewsDaily:: September . 12 .2014
မထသ (၃၁) ဘတ်(စ်) ကားလိုင်းမှ အမျိုးသမီးသီးသန့် ယာဉ်အား စက်တင်ဘာလ နောက်ဆုံး သီတင်းပတ် အတွင်း ပြေးဆွဲ သွားမည် ဖြစ်ကြောင်း မော်တော်ယာဉ် ပိုင်ရှင်များ လူမှုကူညီရေး အသင်းမှ သတင်း ရရှိသည်။
အဆိုပါ အစီအစဉ်အား မထသ (၃၁) ဘတ်(စ်)ကား (၁၀) စီးကျော်ဖြင့် ပြေးဆွဲရန် စီစဉ်ထားပြီး နံနက်ပိုင်း ရုံးတက်ချိန် ဖြစ်သည့် (၇) နာရီမှ (၉) နာရီ အထိနှင့် ညနေပိုင်း ရုံးဆင်းချိန် (၃) နာရီခွဲမှ (၅) နာရီခွဲ အထိ သတ်မှတ်ထားသည်။ ထိုသို့ပြေးဆွဲရာတွင် သတ်မှတ်နာရီမှ စတင်၍ မိနစ် (၂၀) ကြာ တစ်စီးနှုန်းဖြင့် နေ့စဉ် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

ဒီလုပ်ငန်းစဉ် တွေကို ကျွန်တော်တို့ (၃၁) ယာဉ်လိုင်း တစ်ခုတည်းက စံပြ အနေနဲ့ စီစဉ်မှာပါ။ ယာဉ်ပိုင်ရှင်တွေ ကိုယ်တိုင် ဂိတ်တွေ ကနေ ကြပ်မက် ဆောင်ရွက်ပေး မှာပါ။ နေ့စဉ် အမျိုးသမီးသီးသန့် အတွက် သတ်မှတ်မှာ ဖြစ်တဲ့အတွက် အချိန်ရောက်တိုင်း အသွားအပြန် ဘတ်(စ်)ကား တွေမှာ ဗီနိုင်း ဆိုင်းဘုတ်တွေကို သိသာ မြင်သာအောင် ချိတ်ဆွဲပေးထားပါမယ် ဟု မော်တော်ယာဉ်ပိုင်ရှင်များ လူမှုကူညီရေ အသင်းမှ အမှုဆောင် ဦးသိန်းမြင့် က ပြောသည်။

ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲနေသည့် မထသ လိုင်းခွဲ ကိုးလိုင်း အထိရှိပြီး (၃၁) ယာဉ်လိုင်းသည် လိုင်းခွဲ (၃) တွင် ပါဝင်ကာ အခြားသော လိုင်းများမှ ယာဉ်ပိုင်ရှင်များ ကိုလည်း တိုးချဲ့ စည်းရုံး၍ အောင်မြင်မှု ရရှိသည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်း ကဆိုသည်။

အမျိုးသမီးတွေရဲ့ အခက်အခဲကို စာနာနားလည် ပြီးတော့ အခုလိုမျိုး ဆောင်ရွက်ပေးတာကို အမျိုးသမီးထု ကိုယ်စား ကျေးဇူးတင်ပါ တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လိုင်းကား တိုးစီးတဲ့ အခါမှာ ကျွန်မတို့ အမျိုးသမီးတွေကို အမျိုးသား အချို့က အသားယူလိုတဲ့ ပုံစံမျိုးနဲ့ ဣနြေ္ဒပျက်ပြား စေမယ့် အပြုအမူတွေကြောင့် အခက်အခဲ ဖြစ်ရပါတယ် ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

ဒေါက်တာ ညိုညိုသင်းသည် ပြီးခဲ့သည့် န၀မအကြိမ်မြောက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အမျိုးသမီးသီးသန့် ယာဉ်လိုင်း များပြေးဆွဲပေးရေး အဆို တင်သွင်းခဲ့သည်။ (၃၁) ဘတ်(စ်) ကားလိုင်းတွင် ယာဉ်အစီးရေ (၂၁) စီး ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်အကူ (၆၃) ဦး ရှိသည်။ 


န်ကုန်မြို့ အတွင်းသို့ တောင်ဥက္ကလာပ၊ ဘောက်ထော် (ကျောက်ကုန်း)၊ ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်၊ ကျောက်တံတားနှင့် ပန်းဘဲတန်း အစရှိသည့် မြို့နယ်များအား နေ့စဉ် ဖြတ်သန်းပြေးဆွဲ၍ ဂိတ်အစ ဂိတ်အဆုံး (၂၀၀) ကျပ် ကောက်ခံကြောင်း မော်တော်ယာဉ် ပိုင်ရှင်များ လူမှုကူညီရေး အသင်းမှ သိရသည်။ အဓိပတိယာဉ်လိုင်းမှ အမျိုးသမီး သီးသန့် ဘတ်(စ်) ကားလိုင်းများအား တစ်နေကုန် ပြေးဆွဲခဲ့ရာတွင် အောင်မြင်မှု မရှိ၍ ရပ်နားသွားခဲ့သည်။

Messenger News  , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment