Pages

Friday, September 12, 2014

အဆိုတော် ဆူဇီနှင့် ယုန်လေးတို့၏ အချစ်ရေး ကိစ္စကို ကာယကံရှင် များ၏ ကြေညာချက် ကိုသာ ယုံစေချင်ဟု ဆူဇီဆို


RangonNewsDaily:: September . 12 .2014
အဆိုတော် ဆူဇီနှင့် ယုန်လေးတို့၏ အချစ်ရေး ကိစ္စကို ကာယကံရှင်များ တရားဝင် ကြေညာခြင်း များနှင့် အသိပေးခြင်း များကို သာလျှင် ပရိသတ်များ စဉ်းစားချင့်ချိန် ယုံစေချင်သည်ဟု အဆိုတော် ဆူဇီက မဇ္စျိမကို ပြောသည်။
"သတင်းကတော့ ထွက်မှာ ပေါ့နော်။ ဆူဇီ ကတော့ သိပ်မပြော ချင်ဘူး။ ဟိုသတင်း ဒီသတင်း ထွက်နေတာထက် ကာယကံရှင် တွေက ပရိသတ် တွေကို လိမ်ထားတာ ဘာမှ မရှိပါဘူး။ ဆူဇီ ဘာပဲလုပ်လုပ် ပရိသတ်ကို အမှန်အတိုင်း ဖွင့်ပြောဖို့ ဝန်မလေး ပါဘူး" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုတော် ယုန်လေးနှင့် ဆူဇီတို့၏ အချစ်ရေးကို လူမှုကွန်ရက် စာမျက်နှာများ ပေါ်တွင် စိတ်ဝင်တစား ရေးသားလျက် ရှိပြီး အဆိုတော် ဆူဇီမှ ၎င်းတို့နှစ်ဦး၏ အချစ်ရေးနှင့် ပတ်သတ်ပြီး မဇ္စျိမ၏ မေးမြန်းမှုကို တစ်စုံတစ်ရာ မှတ်ချက် ပေးခြင်း မရှိခဲ့ပေ။

အဆိုတော်ယုန်လေး၏ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာထက်တွင် "၂၀၀၉၊ ၂၀၁၀ မင်းနဲ့တွေ့မှ ရည်စားထားတဲ့ အနှစ်သာရကို သေချာ နားလည်ခဲ့တယ်။ ကြမ်းကြမ်း တမ်းတမ်း ကောင်ကို နူးညံ့စေ ခဲ့တယ်။ ငါအမြဲတမ်း မှားခဲ့တယ်။ ဒါပေမယ့် အခုငါ မမှားဘူး။ 


ဘာပဲဖြစ်ဖြစ် ငါမင်းကိုတော့ စောက်ရမ်း ချစ်ပါတယ်။ တော်ပါပြီ မှတ်မှတ်ရရ ဒီမွေးနေ့နားမှာ အဆုံးသတ် လိုက်ပြီ။ သေချာတာက ဘယ်သူမှလည်း မချစ်တော့ ပါဘူး။ ဘယ်သူမှလည်း တိုးမှာ မဟုတ်တော့ ပါဘူး။ ငါ့အလုပ် တွေကိုပဲ အရင်ထက် ပိုပြီး ထိထိရောက်ရောက် လုပ်တော့မယ်။ ယုန်လေးလို အောက်တန်းစား တွေနဲ့ ဝေးသထက် ပိုဝေး နိုင်ပါစေ"ဟု ရေးသား ဖော်ပြ ထားသည်။ 

အဆိုတော် ဆူဇီသည်၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သည့် "တတိယရင်ခုန်သံ" တေးစီးရီးကို အမ်တီဗီ ရိုက်ကူး နေသည်ဟု ၎င်းက ပြောသည်။ " လတ်တလော ကတော့ မနှစ်က ထွက်ထားတဲ့ တတိယ ရင်ခုန်သံ တေးစီးရီးကို ဒီနှစ် ဗီစီဒီ ထွက်နိုင် အောင် ကြိုးစား နေတယ်။ လေးငါးပုဒ်တော့ ပြီးပြီ။ ကျန်တဲ့ အပုဒ်တွေ ရိုက်ဖို့ အခု မိုးတွင်းဆို တော့ ခဏနား ထားတယ်။ ဒီလကုန် လောက်တော့ ပြန်ရိုက်မှာပါ" ဟု ဆူဇီက ပြောသည်။ ၎င်း၏ တတိယ ရင်ခုန်သံ အမ်တီဗီတွင် Snare၊ မြင့်မြတ် တို့နှင့် ရိုက်ကူး ထားပြီး ဆူဇီ ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင် ထားသည်ဟု ပြောသည်။

ဆူဇီသည် ၂၀၀၈ ခုနှစ်တွင်"လေချွန်နေမယ်” တစ်ကိုယ်တော် စီးရီးကို စတင် ထုတ်ဝေခဲ့ပြီး ဒုတိယ စီးရီးဖြစ်သည့် "ရတု အဆက်ဆက်"တွင် ပရိသတ် အားပေးမှု များစွာ ရရှိခဲ့သူ တစ်ဦး ဖြစ်သည်။ ယင်းနောက် ဂျပန် နိုင်ငံတွင် လေးနှစ်ကျော် ပညာသင်ကြား ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ၂၀၁၃ ခုနှစ်တွင် "တတိယရင်ခုန်သံ" အမည်ရ တတိယ စီးရီးကို ထုတ်ဝေခဲ့ သူဖြစ်သည်။

Mizzima - 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment