Pages

Friday, September 12, 2014

အကြောင်းမကြားဘဲပြိုင်ပွဲမှထုတ်ပယ်ခံရသည့်အတွက် နာမည်ထိခိုက်ကြောင်း ပက်ထရစ်ရှာ၏မိခင်ဆို


RangonNewsDaily:: September . 12 .2014
Miss Myanmar World 2014 ၂ဝ၁၄ ပြိုင်ပွဲ၏ ဆန်ခါတင်အလှမယ် ၂ဝ ထဲမှ သရုပ်ဆောင်ပက်ထရစ်ရှာကို လေ့ကျင့်ပြင်ဆင်ရမည့်ရက်များ၌ လာရောက်လေ့ကျင့်ရန် ပျက်ကွက် မှုများရှိသဖြင့် ပြိုင်ပွဲမှထုတ်ပယ် လိုက်ကြောင်း Miss Myanmar World 2014 အဖွဲ့အစည်းက ယခုလ ၁ဝ ရက်၌ ထုတ်ပြန်ခဲ့ပြီးနောက် ထုတ် ပယ်ခံရခြင်းက သမီးဖြစ်သူ၏ နာမည်ကိုထိခိုက်မှုရှိကြောင်း ပက် ထရစ်ရှာ၏မိခင်ကပြောသွားသည်။
ပက်ထရစ်ရှာ၏မိခင်ဒေါ်ချယ် ရီခိုင်က ''ယခုလ ၉ရက်၊ ၁ဝရက် က နားရက်လို့သူတို့ကပြောတယ်။ အန်တီတို့ ကြိုလဲမေးပါတယ်။ ဒါ ကြောင့် အဲဒီရက်မှာ အမ်တီဗွီရိုက် ရက်ပေးလိုက်တယ်။ ၈ရက်ညအထိ အဆက်အသွယ်လုပ်ပါတယ်။ ဆက်သွယ်လိုရတဲ့ သူပေါ့။ သူ့ နာမည်ကိုတော့ ထည့်မပြောတော့ ဘူး။

ပြိုင်ပွဲဝင်ပြိုင်ဖို့ကိုလဲ သူပဲ ခေါ်တာပါ။ သူ့ကိုလဲ လှမ်းပြော တယ်။ အန်တီတို့ ကိုယ့်သဘောနဲ့ ကိုယ်နားတာ မဟုတ်ပါဘူး။ အခု လို အကြောင်းမကြားဘဲထုတ် လိုက်တဲ့အတွက် သမီးလေးလဲ နာမည်ထိခိုက်တယ်။ သမီးလေး ဖုန်းထဲကိုတော့ Miss Call တစ်ကောဝင်တာတော့တွေ့တယ်။ 

ဒီပြိုင်ပွဲက အရမ်းကြီးပါတယ်။ အဲဒီအတွက် နေမကောင်းတာကို တောင် အန်တီ လေ့ကျင့်တဲ့ရက်တွေ တိုင်းပုံမှန်လိုက်ပို့ပေးပါတယ်။ အခုက ဒီလိုဖြစ်သွားတော့ ပြိုင်ဖို့အစီအစဉ် မရှိတော့ပါဘူး''ဟု ပြောကြားသည်။

မော်ဒယ်တစ်ဦးဖြစ်သည့်အတွက် ပြိုင်ပွဲအပြင် အခြားအနုပညာနှင့် ပတ်သက်၍ လုပ်ကိုင်နေသည်ကို နားလည်သော်လည်း အဖွဲ့အစည်း နှင့်လုပ်ရသည့်အတွက်အဆင်မပြေ နိုင်ကြောင်း ပြိုင်ပွဲ၏တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစိုးသူရက ပြောသည်။ ''ယခုလ ၉ ရက်မှာ လေ့ကျင့်ဖို့အတွက် ရောက်မလာ ဘူး။ 


၁ဝရက်နေ့နံနက်အထိ ဖုန်းနဲ့ အဆက်အသွယ်လုပ်ခဲ့ပေမယ့်ဆက် သွယ်လို့မရခဲ့ဘူး။ ပြိုင်ပွဲ ကျင်းပ ရေးကော်မတီရဲ့သဘောတူညီချက် နဲ့ ပြိုင်ပွဲက ထုတ်ပယ်လိုက်ရ ခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြော သည်။

Miss Myanmar World ပြိုင် ပွဲကို ပြိုင်ပွဲဝင်ဆန်ခါတင် ၁၉ ယောက်ဖြင့်သာ ယခုလ ၂၇ ရက် ည ၇နာရီခွဲတွင် ရန်ကုန်မြို့ စထရင်း ဟိုတယ်၌ကျင်းပသွားမည်ဖြစ်သည်။


ပက်ထရစ်ရှာက သူမ၏ဖေ့စ် ဘွတ် လူမှုကွန်ရက်စာမျက်နှာ ထက်၌ Camp သွင်းသည့် ရက် များတွင် ပျက်ကွက်မှုမရှိကြောင်း၊ Miss Myanmar World ၏ အထက် လူကြီးများက ခွင့်ပြုပြီးမှသာ ရိုက် ကူးရေးများ ပြုလုပ်ခဲ့ကြောင်း၊ အားပေးခဲ့ကြသည့် ပရိသတ်ကို လည်း များစွာအားနာမိကြောင်းကို အကျယ်တဝင့်ရှင်းပြထားသည်။

The Union Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment