Pages

Friday, September 12, 2014

ဂျပန်နှင့် တရုတ်စစ်ဖြစ်နိုင်သည်ဟု တရုတ်နိုင်ငံသား ထက်ဝက်ကျော် သဘောထားရှိဟု စစ်တမ်းက ဖော်ပြ

RangonNewsDaily:: September . 12 .2014
နှစ်နှစ်ကျော်ကြာ သံတမန်ရေးရာ တင်းမာမှုများ မြင့်တက်နေသော ဂျပန်နှင့် တရုတ်သည် စစ်မက် ဖြစ်ပွားသည့် အဆင့်ထိ ရောက်သွား နိုင်ကြောင်း သဘောထား ထင်မြင်ချက် ရှိသည့် တရုတ်နိုင်ငံသား ထက်ဝက်ကျော် ရှိကြောင်း မကြာသေးမီက ကောက်ယူထားပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန် လိုက်သည့် သဘောထား စစ်တမ်းတစ်ရပ်အရ သိရသည်။
စစ်တမ်းကို တရုတ်နှင့် ဂျပန် နှစ်နိုင်ငံလုံးတွင် အပြိုင်ကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်း ဖြေဆိုသူ တရုတ် နိုင်ငံသား (၅၃ ဒသမ ၄) ရာခိုင်နှုန်း ထိက ဂျပန်နှင့် စစ်ဖြစ်ရကိန်းမြင်သည်ဟု သဘောထား ဖော်ပြကြပြီး ၎င်းတို့အနက် ငါးပုံတစ်ပုံ ထိက လာမည့် နှစ်ပိုင်းအတွင်း စစ်ဖြစ်လာနိုင် သည်ဟုပင် သဘောထား ဖော်ပြထား ကြသည်။

တရုတ်နှင့် စစ်ဖြစ်နိုင်သည်ဟု သဘောထား ပေးသော ဂျပန်နိုင်ငံသား ကလည်း (၂၉) ရာခိုင်နှုန်း ရှိသည်။ အရှေ့တရုတ် ပင်လယ်ပြင်ရှိ ပိုင်ဆိုင်မှု အငြင်းပွား နေသော ကျွန်းစုများကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်က နိုင်ငံပိုင် သတ်မှတ်ရာမှ စတင်ကာ တင်းမာမှုများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ကျွန်းစုများကို ဂျပန်က ဆန်ကာကူ ကျွန်းစုများ ဟု ခေါ်တွင်၍ တရုတ်က ဒီအာယူဟု ခေါ်တွင်သည်။

ဇူလိုင်နှင့် သြဂုတ်တွင် စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ဂျပန်အစိုးရ မဟုတ်သော အဖွဲ့အစည်း Genron နှင့် ချိုင်းနားဒေးလီး သတင်းစာတို့ ပူးပေါင်း ကောက်ယူခြင်း ဖြစ်သည်။ စစ်တမ်းတွင် အသက် (၁၈) နှစ်နှင့် အထက် ဂျပန်နိုင်ငံသား (၁၀၀၀) ပါဝင်သည်။ တရုတ် နိုင်ငံဘက်မှလည်း အလားတူ အသက်အရွယ် (၁၅၃၉) ဦး ပါဝင်သည်။ တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်း၊ ချန်ဒူ၊ ရှန်ယန်းနှင့် ရှီအန်မြို့ တို့မှ လူများကို အဓိက ကောက်ယူခဲ့သည်။


ယခုလို သဘောထား စစ်တမ်းမျိုးကို ၂၀၀၅ ခုနှစ် ကတည်းက စတင် ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် စစ်တမ်း ဖြေဆိုသူ ဂျပန် နိုင်ငံသားများ အနက် တရုတ်ကို မလိုလားသော အမြင်ရှိသူက (၉၃ ဒသမ ၀) ရာခိုင်နှုန်းထိ ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်က (၉၀ ဒသမ ၁) ရာခိုင်နှုန်း ထက်ပင် ပိုများလာကြောင်း တွေ့ရသည်။ စစ်တမ်း ဖြေဆိုသူ တရုတ်နိုင်ငံသားများ အနက် ဂျပန်ကို မလိုလားသော အမြင်ရှိသူသည်လည်း (၈၆ ဒသမ ၈) ရာခိုင်နှုန်းရှိသည်။ 


ပြီးခဲ့သည့် နှစ်က (၉၂ ဒသမ ၈) ရာခိုင်နှုန်း ရှိခဲ့ရာမှ အနည်းငယ် ကျဆင်းလာခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံသားများက တရုတ်ကို မကြိုက်ရသည့် အကြောင်းများကို သဘောထား မေးမြန်းသည်တွင် ကျွန်းစု ပိုင်ဆိုင်ရေး အငြင်းပွားမှု ကိုင်တွယ်ရာတွင် တရုတ်သည် နိုင်ငံတကာ ဥပဒေများနှင့် မညီညွတ်မှုကြောင့် ဟု သဘောထားပေး သူက (၅၅ ဒသမ ၁) ရာခိုင်နှုန်း ရှိသည်။ တရုတ် သည် သယံဇာတ ရင်းမြစ်များကို ထိန်းသိမ်းရာတွင် တစ်ကိုယ်ကောင်း ဆန်လွန်းသည်ဟု သဘောထားပေးသူ ကလည်း (၅၂ ဒသမ ၈) ရာခိုင်နှုန်း ရှိသည်။


စစ်တမ်း ရလဒ်များကို ကြည့်လျှင် နှစ်နိုင်ငံ ပြည်သူများ၏ သဘောထား တင်းမာမှုသည် စိုးရိမ်ဖွယ် အနေအထားဖြစ် သောကြောင့် ပြဿနာ မီးပွားကြီး မလာစေရန် တရုတ်နှင့် ဂျပန်ခေါင်းဆောင်များ တွေ့ဆုံပြီး အမြန်ဆုံး ဆွေးနွေးသင့်ပြီဟု ချိုင်းနားဒေးလီး သတင်းစာက တိုက်တွန်းရေးသား ထားသည်။


by messenger , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment