Pages

Thursday, June 19, 2014

သန္တိသုခအရေး ရှင်းလင်းပွဲ The Voice နဲ့ မီဒီယာတချို့ကို မဖိတ်

RangonNewsDaily:: June . 18 .2014
မဟာသန္တိသုခ ကျောင်းတိုက်ကိစ္စနဲ့ ပတ်သက်လို့ ဇွန်လ ၁၉ ရက်နေ့မှာသာသနာရေး ဝန်ကြီးဌာနက ပြုလုပ်မယ့် သတင်း
စာရှင်းလင်းပွဲကို တက်ရောက် သတင်းယူဖို့ The Voice သတင်းစာ အပါအဝင် သတင်းမီဒီယာ တချို့ကို ဖိတ်ကြားခြင်း မပြုခဲ့ပါဘူး။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ သာသနာရေးဦးစီးဋ္ဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်းကို ဆက်သွယ် မေးမြန်းရာ
မှာတော့ သန္တိသုခ ကိစ္စကို မှန်မှန်ကန်ကန် ဖော်ပြမှု မရှိတဲ့ မီဒီယာတွေမို့ မဖိတ်တာပါလို့ ဆိုပါတယ်။ နီးစပ်ရာ သတင်း
မီဒီယာ အနည်းငယ်ကိုပဲ ဖိတ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲကို သာသနာရေးဦးစီးဌာနက ဇွန်လ ၁၉ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ ဥတ္တရဂုရု အဆောင်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment