Pages

Thursday, June 19, 2014

ဦးသန့်ရှင်းအား ပညာရေးဒုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး

RangonNewsDaily:: June . 19 .2014
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနေရာတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဒေါက် တာ မျိုးမြင့်ကို တာဝန်မှ နုတ်
ထွက်ခွင့်ပြုခဲ့ပြီး သမ္မတရုံးဝန်ကြီးဌာန (၁)မှ ဒုတိယဝန်ကြီး ဦးသန့်ရှင်း အား ပြောင်းလဲတာဝန်ပေးအပ် လိုက်သည်။
ဒေါက်တာမျိုးမြင့်သည် ပညာရေးဝန်ကြီး ဒေါက်တာမြဦး အနားယူခဲ့ချိန်တွင် ခေတ္တပညာ ရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိ ပညာရေးဝန်ကြီးအဖြစ် ဒေါက် တာ ဒေါ်ခင်စန်းရီအား တာဝန်ပေး အပ်ခဲ့သည့် နောက်ပိုင်းတွင် ယခု ကဲ့သို့ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

‘‘ပညာရေးဝန်ကြီးဌာနမှာ အခြားသောမိုးကျရွှေကိုယ်ဆိုတာထက်ဝိဇ္ဇာရောသိပ္ပံရောကျွမ်းကျင်တဲ့ နှလုံးသားရှိတဲ့
လူဖြစ်
ဖို့ လိုတယ်။ ပညာရေးမှာ ဘယ်နေ ရာက ပြောင်းလဲဖို့လိုလဲဆို တာကို နားလည်တဲ့လူ ဖြစ်ဖို့လိုတယ်။ 

ပညာရေးသဘောသဘာဝက အုပ်ချုပ်တဲ့စနစ်နဲ့သွားလို့ မရ ဘူး။ အုပ်ချုပ်တဲ့ပုံစံနဲ့ သွားခဲ့လို့ နှစ်ပေါင်းများစွာ ဒုက္ခရောက်
ပြီး ပြီ’’ဟု ဒဂုံတက္ကသိုလ်ဆရာများ အသင်းဥက္ကဋ္ဌ ဒေါက်တာအာကာ မိုးသူက ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရာ
ထူးအပြောင်း အလဲအပေါ် သုံးသပ်ပြောကြား သည်။

7 Day , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment