Pages

Thursday, June 19, 2014

မန္တလေး ဝိန့်စိန်ရွှေဆိုင် မီးလောင်


RangonNewsDaily:: June . 19 .2014
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၈၄လမ်း၊၂၈လမ်းနှင့် ၂၉လမ်းကြားရှိ ဝိန့်စိန်ရွှေဆိုင်တွင် ဇွန်လ ၁၈ ရက် ညနေ ၄နာရီ ၇မိနစ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
မီးလောင်းကျွမ်းပုံမှာ ဝိန့်စိန်ရွှေဆိုင် RC ၆ ထပ် မြေညီထပ် ဆိုင်ခန်းအတွင်းရှိ လျှပ်စစ်မိန်းဘုတ်ခုံမှ Over Load အပူ
လွန်ကဲရာမှ မီးလောင်ကျွမ်းခြင်းဖြစ်သည်။ 

လောင်ကျွမ်းမှုကို သိသိချင်း ဆိုင်ရှိဝန်ထမ်းများမှ DCP မီးသတ်ဆေးဗူး ၅ ဗူးဖြင့် ဝိုင်းဝန်း ငြှိမ်းခဲ့သည်။ ယင်းမီးလောင်

ကျွမ်းမှုကြောင့် ဝါယာကြိုးအနည်းငယ်နှင့် လျှပ်စစ်ဘုတ်ခုံတို့ မီးလောင်ဆုံးရှုံးခဲပြီး တန်ဖိုး ၁၅,၀၀၀ ကျပ် ဖြစ်သည်ဟု
မန္တလေးတိုင်း မီးသတ်းဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

မီးလောင်ကျွမ်းမှုဖြစ်ရာသို့ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ သန္ဓေမီးသတ် ၁၀ ဦး၊ အရန် ၁၀ ဦးတို့ဖြင့် ငြှိမ်းသတ်မှုများလုပ်ခဲ့ရပြီး ဆိုင်မန်နေဂျာကို အမှတ် ၈ မြို့မရဲစခန်းမှ ပ-၄၇၉/၂၈၅/၂၀၁၄ ဖြင့်အမှုဖွင့်အရေး
ယူထား
သည်။



0 comments:

Post a Comment