Pages

Thursday, June 19, 2014

ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းကုန်များ စားသုံးရန် သင့်မသင့် နိုင်ငံအနှံ့စစ်ဆေးမည်

RangonNewsDaily:: June . 19 .2014
စာသင်ကျောင်း မုန့်ဆိုင်များတွင် ရောင်းချနေသည့် အစားအစာများ စားသုံးရန် သင့်၊ မသင့်ကို အစားအသောက်နှင့်ဆေး
ဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)က နိုင်ငံအနှံ့ စစ်ဆေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဇွန်လ ၁၈ ရက်တွင် ပြောဆိုလိုက်သည်။
“အဓိကတော့ ဆိုးဆေးကို စစ်မယ်။ အသေးစိတ် စစ်မယ်ဆိုရင်အများကြီး စစ်ရမယ်”ဟု ၎င်းက ပြောသည်။ ယခုပညာ
သင်နှစ်အတွင်း စစ်ဆေးသွားမည်ဖြစ်ကာ တစ်လလျှင် မုန့်အမျိုး အစားပေါင်း ၁,၅၀၀ ခန့် စစ်ဆေးနိုင်ရန် စီစဉ်ထား
သည်။

စစ်ဆေးတွေ့ရှိပါက ကျောင်းအုပ်ကြီး ၏ ကြီးကြပ်မှုဖြင့် ရောင်းခွင့်မပြုဟု ဆိုသည်။ သို့သော် အဆိုပါစစ်ဆေးမှု စတင်

မည့် ရက်အတိအကျကိုမူ ညွှန်ကြားရေးမှူးက ပြောဆိုခြင်း မရှိသေးပေ။

ယခုကဲ့သို့ စီစဉ်နေမှုအပေါ် မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ကြိုဆိုလိုက်ပြီး “ဟန်ပြသက်သက်မလုပ်ဘဲနဲ့ စားသုံးသူကို တကယ်စေတနာထားပြီး တကယ် ထိထိရောက်ရောက် လုပ်ဖို့တိုက်တွန်း

ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင်စာသင်ကျောင်းများ၌ ရောင်းချနေသောအစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊မရှိအပေါ် ကျောင်း

သားမိဘများက စိုးရိမ်လျက်ရှိနေသည်။

ကမာရွတ်မြို့နယ်၊ သံလမ်းတွင် နေထိုင်သော ကျောင်းသားနှစ်ဦးမိခင် ဒေါ်သူဇာက “တကယ်စစ်ပေးမယ်ဆိုရင် ကောင်း

တယ်။ ကလေးတွေကို မုန့်တွေက စွဲတယ်ဆိုလို့ ပိုက်ဆံတောင် မပေးရဲဘူး။ ငယ်သေးတော့ စွဲသွားမှာလည်း ကြောက်
တယ်။ အိမ်ကနေ မုန့်ထည့်ပေးရတယ်”ဟု ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံစာသင်ကျောင်းများတွင် အန္တရာယ်ရှိသည့် ဓာတုဆိုးဆေးများပါဝင်သော အစားအသောက်များ ရောင်းချနေမှုကို ထိရောက်စွာပိတ်ပင်ရန် တိုင်းအမတ်တစ်ဦး၏ အရေးဆိုမှုကို ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် ဧပြီလ ၃၀ က အတည်ပြုထားသည်။

စာသင်ကျောင်းများတွင် ကလေးငယ်များ စိတ်ဝင်စားသည့် (ဥပမာ-စက်ရုပ်၊ သင်္ဘော)ပုံစံဖြင့် ပြုလုပ်ထားသော ဓာတု

ဆိုးဆေးပါ အစားအသောက်များ ရောင်းချမှုများရှိနေသကဲ့သို့ ဓာတုဆိုးဆေးပါ အစားအစာများကို ဆရာမများကိုယ်တိုင် ရောင်းချနေသည်ဟု ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်းက အရေးဆိုခဲ့ခြင်းဖြစ်သည်။

သာကေတမြို့နယ်ရှိ အမှတ် (၅) အထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းကို ဇူလိုင် ၁၇ ရက်တွင် မြို့နယ် ကျန်း

မာရေးအဖွဲ့က လာရောက်စစ်ဆေးခဲ့သေးသည်ဟု အဆိုပါစာသင်ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းကလည်း အောက်မြန်မာပြည် အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်၊ ဧရာဝတီနှင့် ဒေသအချို့ရှိ စာသင်ကျောင်းများကို ၀င်ရောက်စစ်ဆေးမည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် သတိပေးမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုသည်အထိ အရေးယူသွားမည်ဟု ဆိုသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment