Pages

Thursday, June 19, 2014

အကြိမ်(၂၀) မြောက် CARAT လေ့ကျင့်ခန်း စတင်


RangonNewsDaily:: June . 18 .2014
အမေရိကန်ရေတပ်၊ မရိမ်းတပ်ဖွဲ့ နှင့် မလေးရှားတပ်မတော်တို့ပူးပေါင်းလေ့ကျင့်မယ့်(၂၀) ကြိမ်မြောက်Cooperation
Afloat Readinessand Training (CARAT)လေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနားကိုမလေးရှားနိုင်ငံ Lumut Naval Base တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ရေကြောင်းလုံခြုံရေး အရေးပါမှုနဲ့ အကျိုးစီးပွားများ ဖလှယ်ခြင်း၊ပင်လယ်ရေကြောင်းဆိုင်ရာ ခင်မင်ရင်းနှီးမှုကို ပိုမိုခိုင်
မာစေခြင်း၊ပါဝင်သောတပ်ဖွဲ့တွေအကြား ပူးပေါင်း စစ်ဆင်နိုင်မှုကိုပိုမိုတိုးတက်စေခြင်းစတဲ့ ဆောင်ရွက်ချက်များနဲ့ ၁၉၉၅ ကတည်းက ဆက်တိုက်လေ့ကျင်ခဲ့တဲ့ (၉)နိုင်ငံပူး တွဲလေ့ကျင့်ခန်း မှာမလေးရှားနိုင်ငံက ပါဝင်လေ့ကျင့်ခဲ့ခြင်း ဖြစ်ပါတယ်။

အခုလ (၂၁) ရက်နေ့အထိ ဆက်တိုက် ပြုလုပ်မယ့် လေ့ကျင့်ခန်းမှာ Command Post Exercise (CPX) ပဲ့ထိန်းဒုံးပျံတင် ဖျက်သင်္ဘော USS Pinckney(DDG 91) နဲ့ရေငုပ်ကယ်ဆယ်ရေးသင်္ဘော USNS Safeguard(T-ARS 50) တို့  Lumut NavalBase မှာ လေ့ကျင့် မှာ ဖြစ်ပြီး ရေကြောင်းကင်းလှည့်လေယာဉ် P-8A Poseidon မှာ မလေးရှားအရှေ့ ပိုင်း Labuan မှ ပျံသန်းလေ့ကျင့်မှာဖြစ်ပါတယ်။ အဲဒီ USS Pinckneyနဲ့ P-8A တို့ဟာ မလေးရှားလေယာဉ် MH 370 

ရှာဖွေရေးတုန်းက ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

navaltoday.com

KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment