Pages

Thursday, June 19, 2014

ပြည်တွင်းရှိ စွန့်ဦးတီထွင်လုပ်ငန်းနှင့် ပညာရေးကဏ္ဍအတွက် မိုက်ကရိုဆော့ဖ်နှင့် အူရီးဒူးပူးပေါင်းကူညီမည်


RangonNewsDaily:: June . 19 .2014
မိုက်ကရိုဆော့ဖ်၏ Dreamspark အစီအစဉ်သည် နိုင်ငံတကာရှိ အိုင်တီကုမ္ပဏီများကိုလည်း အကူအညီပေးလျက်ရှိ
သည်မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်လုပ်ငန်းများနှင်ပညာရေးကဏ္ဍများတွင် ပံ့ပိုးကူညီပေးသွားရန် အမေရိကန်အခြေစိုက်
ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့်Microsoft နှင့် အူရီးဒူး မြန်မာတို့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
 သတင်းရရှိသည်။
အဆိုပါအစီအစဉ်တွင် Microsoft မှ နိုင်ငံတကာတွင် ဆောင်ရွက်ပေးနေသည့် အစီအစဉ်များဖြစ်သည့် Dream Spark နှင့် Biz Spark အစီအစဉ်တို့ကို အူရီးဒူးမြန်မာနှင့် ပူးပေါင်းရန် သဘောတူညီမှုလက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။

Microsoft ၏ Dream Spark အစီအစဉ်သည် နိုင်ငံတကာမှ နည်းပညာနယ်ပယ်တွင် လုပ်ကိုင်နေသူများအား ပရိုဂရမ် များကို တီထွင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အတွက် Cloud နည်းပညာကို သင်ယူစေခြင်း၊ Software များ၊
De-veloper နည်းလမ်းများကို အထောက်အကူပြုစေရန် ကူညီပေးလျက်ရှိပြီး အွန်လိုင်းပေါ်ရှိ Window စတိုးများသို့ 
အခမဲ့ဝင်ရောက်၍ Software များအသုံးပြုခြင်းဖြင့် တီထွင်စမ်းသပ်ထားသည့် စီးပွားရေးလုပ်ငန်းသစ်များကို စံနှုန်း
များနှင့်ပြည့်မီအောင် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
::
‘‘အာရှရဲ့ စီးပွားရေးမှာ မြန်မာနိုင်ငံဟာ အဓိကနေရာဖြစ် လာဖို့အတွက် အကြီးအကျယ် အလားအလာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ နည်းပညာအစီ အစဉ်တွေနဲ့ အခုလို ကူညီရတာအင်မတန်ဂုဏ်ယူပါတယ်’’ဟု Microsoft ၏ အာရှပစိဖိတ်ဆိုင် ရာဥက္ကဋ္ဌ Cesar Cernuda ပြောကြားသွားပါသည်။
::
အူရီးဒူးမြန်မာအနေဖြင့်လည်း မြန်မာနိုင်ငံရှိနည်းပညာ နယ်ပယ်၌ ကုမ္ပဏီငယ်လေးများ အနေဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ပေါက်လာစေရန် ပြည်တွင်း Developer ကုမ္ပဏီ(သို့) အဖွဲ့အစည်းငယ်လေးတစ်ခုလျှင် ကျပ်သိန်းတစ်ထောင်စီ ထောက်ပံ့ပေးမည့် Idea Box အစီအစဉ်ကို ဆောင်ရွက်လျက် ရှိသည်။

7Day Daily ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment