Pages

Thursday, June 19, 2014

စွန့်စားမူတွေ အတွက် မရှိမဖြစ် နာရီ


RangonNewsDaily:: June . 18 .2014
နာရီတော့နာရီပါပဲ။ သို့ပေမဲ့ နာရီထက်တော့ ပိုပါတယ်။ တစ်ခါတစ်လေ စွန့်စားမူတွေ ဆိုတာ အသက် အန္တာရယ်တွေကို ဖက်နဲ့ ထုတ်ထားရသလို့မဟုတ်လား။ ဥပမာ- တောင်တက်၊ အဖွဲ့လိုက် ခြေလျှင် ခရီးစတဲ့ တောလမ်းခရီးတွေမှာ ဘယ်လောက်ပဲ safe ဖြစ်တယ်ပြောပြာ တစ်ခါခါမှာ မတော်တဆဆိုတာ ရှိတတ်ပါတယ်။
တစ်ခြား အချက်ပြအရာတွေ အသုံးဝင်ကာ အများကို ဆက်သွယ်နိင်တဲ့ အရာတွေ ကြိုးစား ဆောင်ထားသာငြား ဘေးကနေ ကိုယ်လွတ်ရုန်းတဲ့အခါ ပစ္စည်းတစ်ခြား လူတစ်ခြားပေါ့ ဘယ်ပြောကောင်းမလဲ။

လက်မှာ ပတ်ထားတဲ့ နာရီကျတော့ ဒီနေရာမှာ တစ်မျိုးပြောင်းသွားမယ်ထင်ပါတယ်။ နာရီကျတော့ တစ်ခြား ပစ္စည်းတွေနဲ့စာလျှင် ပိုပြီး ကိုယ်နဲ့ ပါလွယ်မယ်လို့ ယူဆပါတယ်။ Ralston Recon 6 Watch နာရီလာပါပြီ။

အပေါ်က နာရီ ခံ အောက်ကသေတ္တာလေးထဲက တော်တဆလမ်းမှာ မျက်စိလည်လို့ လမ်းမှား အစာရေစာ တွေအတွက် ရှိတဲ့ ချောင်းက ငါးမျှားစားနိင်ဖို့ ငါးမျှားကြိုး၊ ငါးမျှားချိတ်၊ သံလိုက် အိမ်မြှောင်၊ အကူအညီတောင်းခံဖို့အတွက် အလူမီနီယံ ၀ီစီ၊ ငါးကင် စာဖို့နဲ့ အခြား မီးကို မွှေးနိင်ဖို့အတွက် အရေအတွက်ပေါင်းများစွာ မီးခြစ်နိင်တဲ့ မီးခြစ်ဆံချောင်း၊ မှန်ဘီလူး၊ စတဲ့ အရာများ ပါဝင်ထားကာ ခရီးလမ်းမှာ အသုံးတည့်လှတဲ့ နာရီလေးပါ။ အထဲမှာ Led Flashlight ပါပါသေးတယ်။ လက်ပတ်က အချိုရည်ဘူး အဖုံးတွေကို ဖွင့်လို့ တဲ့ opener ပါပါတယ်။

ခြစ်ရာခံ၊ သတ္တုတွင်းထွက်နြဲ့ပုလုပ်ထားတဲ့ မှန်မျက်နှာပြင်၊ ဖြစ်ပြီး ဈေးကတော့ ကြိုတင်မှာယူခြင်းအနေနဲ့ ဒေါ်လာ ၄၉၅ လောက်မှာ ရှိပါမယ်။ ပုံမှန် နာရီကို အသုံးပြုမဲ့သူများအတွက် သိပ်မဆန်းပေမဲ့ တောတောင်ခရီးနဲ့ အကျွမ်းတ၀င် လက်ပွန်းတတီးနေသူများ အတွက်တော့ စိတ်ဝင်စား အသုံးတည့်မည့်လို့ ယူဆမိပါတယ်။

(ရိုးရာလေး ) , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment