Pages

Thursday, June 19, 2014

ပြစ်မှုကျူးလွန်သူကို ဂျီပီအက်စ်စနစ်ဖြင့် ရှာဖွေပေးမည်

RangonNewsDaily:: June . 19 .2014
မန္တလေးတိုင်းအတွင်း မှုခင်းကျဆင်းရေးအတွက် ပြစ်မှုကျူးလွန်သူ ကိုင်ဆောင်သည့် ဖုန်းနံပါတ်ကို ပေးလျှင် ဖုန်းတည်နေ
ရာကို GPS စနစ်ဖြင့် ရှာဖွေ၍ CCTV ကင်မရာဖြင့် ပူးပေါင်းရှာဖွေပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန္တလေးတိုင်းမန်နေဂျာ ဦးစောထူးသာက မဇ္ဈိမကို ပြောသည်။
“ဖုန်းနံပါတ်တစ်ခုကိုပေးရင် အဲဒီဖုန်းကဘယ်တိုင်မှာ သုံးနေလဲဆိုတာသိပါတယ်။ အဲဒီဖုန်းကလည်း တာ ၀ါတိုင်ရဲ့ငါးမိုင်
ပတ်လည်မှာရှိနေတယ်ဆိုတာ GPS စနစ်နဲ့ကြည့်ပြီး သိနိုင်ပါတယ်။

“မှုခင်းအတွက် လိုအပ်တဲ့သူကိုလည်း ရှာဖွေမှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အခုမန္တလေးမြို့တွင်းမှာ တပ်ဆင်တော့ မယ့် CCTV ကင်မရာတွေနဲ့ အဲဒီတည်နေရာ ကိုပြသပြီး ရှာဖွေမှုကိုလည်း လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်”ဟု ၎င်းင်းက ပြောသည်။


မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးမှ မန္တလေးမြို့ အတွင်း တပ်ဆင်တော့မည့် CCTV ကင်မရာများပြီးစီးလျှင် ဆက် သွယ်ရေးလုပ်

န်း နှင့် ပူးပေါင်းကာမှုခင်းကျူးလွန်မှုများရှိ GPS ဖြင့် တည်နေရာရှာဖွေ၍ CCTV ကင်မရာဖြင့် အနီးဝန်းကျင်ရှာဖွေခြင်း ဖြင့်လည်း ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးအရေးယူမှု များကို လည်း ပြုလုပ်နိုင် မည်ဖြစ်သည်။ 

ဖုန်းတည်နေရာရှာဖွေခြင်း ကို မန္တလေးတိုင်း ဆက်သွယ်ရေးလုပ်ငန်းက လုပ်ဆောင်ပေးနေပြီဖြစ်၍ လက်ရှိအချိန် တွင် လူသတ်မှု၊ လိမ်လည်မှု၊ လုယက်မှု၊ ခြိမ်းခြောက်ငွေ တောင်းခံမှုတို့ကိုစသည့် ပြစ်မှုများအတွက် စတင်ရှာဖွေပေးမှုကို လည်း လုပ်ဆောင်ပေးခဲ့ပြီဖြစ်သည်။ သို့သော် နိုင်ငံရေးနှင့် ပတ်သက်သည့်ကိစ္စ များကိုမူ လုံးဝလုပ်ဆောင်ပေး
မည်မဟုတ် ဟုဆိုသည်။

“ဒုစရိုက်မှုနဲ့ ပတ်သက်ပြီး ရှာဖွေမှုတွေ ကို လုပ်ဆောင်ပေးပါတယ်။ နိုင်ငံရေးမှုနဲ့ ပတ်သက်ပြီးတော့ လုပ် ဆောင်ပေးဖို့ မရှိပါ ဘူး။ဒါ့အပြင် တစ်ဦးတည်းတစ်ယောက် တည်းအတွက် ရှာဖွေပေးရမယ့် ကိစ္စတွေ ကိုတော့ လုပ်ဆောင်ပေးဖို့
မရှိ
ပါဘူး” ဟု ဦးစောထူးသာက ဆိုသည်။

လက်ရှိတည်နေရာရှာဖွေပေးသည့် စနစ်မှာ အနီးစပ်ဆုံးနေရာကိုသာ ရှာဖွေ ပေးနိုင်သေးကြောင်း ဆိုသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment