Pages

Thursday, June 19, 2014

စပိန်အသင်းနည်းပြ ဒဲလ်ဘော့စ် ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု သတင်းများထွက်ပေါ်

စပိန်အသင်းနည်းပြ ဒဲလ်ဘော့စ်(Photo - AFP)
RangonNewsDaily:: June . 19 .2014
လက်ရှိချန်ပီယံအသင်းဖြစ်သလို၊ တောင့်တင်းသည့်ကစားသမားစာရင်းကို ပိုင်ဆိုင်ထားသော်လည်း အုပ်စုအဆင့်မှ ထွက်ခံရသည့်အတွက် စပိန်လက်ရွေးစင်အသင်းနည်းပြ ဒဲလ်ဘော့စ်အနေဖြင့် ရက်ပိုင်းအတွင်း၌ပင် ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။
စပိန်အသင်း၏ ရှုံးနိမ့်မှုကို AS ၊ Marca စသည့် စပိန်နာမည်ကြီးသတင်းစာများက `အဆုံးသတ်ခြင်းဟု မျက်နှာဖုံးအပြည့် ဖော်ပြကာ ဝေဖန်ခဲ့ကြသလို၊ နည်းပြ ဒဲလ်ဘော့စ်၏ စပိန်အသင်းနှင့် အနာဂတ်မှာလည်း အဆုံးသတ်တော့မည်ဟု ဥရောပမီဒီယာများက သုံးသပ်ခဲ့ကြသည်။

နည်းပြ ဒဲလ်ဘော့စ်သည် စပိန်လက်ရွေးစင်အသင်းကို ၂၀၀၈ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး ၎င်းလက်အောက်တွင် စပိန်အသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ယူရို - ၂၀၁၂ ပြိုင်ပွဲများတွင် ဗိုလ်စွဲနိုင်ခဲ့သည်။

Elevan Media , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment