Pages

Monday, June 9, 2014

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနနှင့် GEGG-Myanmar တို့ ပူးပေါင်းပြီး အစိမ်းရောင်ဖွံ့ဖြိုးရေးဗဟိုဌာန ဖွင့်လှစ်မည်

RangonNewsDaily: June . 9 .2014
သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် GEGG-Myanmar တို့ပူးပေါင်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိမ်းရောင် ဖွံ့ဖြိုးရေး ဗဟို ဌာနကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်း ခိုင်မိုးက ဇွန် ၈ရက်တွင် ပြောသည်။
'' အမြန်ဆုံးတော့လုပ်ဆောင်နေ ပါတယ်။ ဘယ်နေ့ဖွင့်မယ်ဆိုတာကို တော့ အတိအကျ ပြောဖို့ခက်တယ်။ ဒီစင်တာကနေပြီး သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပညာပေး လုပ်ငန်းတွေအားလုံးကို ဒီမှာလုပ်ဆောင် သွားမှာပါ''ဟု ယင်းက ပြောသည်။

အဆိုပါ ဗဟိုဌာနကို သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာနနှင့် GEGG- Myanmar တို့ ကပူးပေါင်းလုပ်ဆောင် ပြီး၊ နေရာနှင့်အဆောက်အအုံကိုသိ ပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှပေး ထားခြင်းဖြစ်ကြောင်းသိရသည်။
''နည်းပညာတွေကို ဒီမှာပဲ ဖလှယ်ကြမယ်။ ဆွေးနွေး ကြမယ်။ သင်တန်းဆိုရင်လဲ အားလုံးလာတက် လို့ရတယ်။ အားလုံးလာတက်လို့ ရအောင် လုပ်ဆောင်သွားမှာပါ''ဟု ယင်းကပင် ဆက်လက်ပြောသည်။

GEGG- Myanmar မှ ဦးကျော် လွင်လှက ''အဆောက်အအုံကိုလက်ရှိ ပြင်ဖို့ လုပ်နေတယ်။ အဆောက်အအုံကို လည်း အစိမ်းရောင် အဆောက်အအုံ ဖြစ်ဖို့လုပ်မယ်။ စွမ်းအင်ကစအနည်း ဆုံးဖြစ်အောင် ဆောက်သွားမှာ၊ အသင်း အနေနဲ့ကတော့ဖြစ်မြှောက်အောင် ဆောင်ရွက်ပေးတာပါ''ဟုပြောသည်။

အဆိုပါဌာနကို ကန်ဘဲ့ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတွင်ဖွင့်လှစ် သွားမည်ဖြစ်ပြီး အဆိုပါစကားဝိုင်း ကို သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ နည်းပညာတက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှဥက္ကဋ္ဌ GEGG- Myanmar တာဝန်ရှိသူများနှင့် အခြား တာဝန်ရှိသူများတက်ရောက် ကြသည်။

Yangon Media , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment